မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နဲ့ ငြိမ်းချမ်းရေးကော်မရှင်တွေ့မည်


2018.09.04

မြောက်ပိုင်းလက်နက်ကိုင် မဟာမိတ်အဖွဲ့ဝင်တွေဖြစ်တဲ့  AA,TNLA,MMDAA အဖွဲ့သုံးဖွဲ့နဲ့ အစိုးရ ငြိမ်းချမ်းရေးကော်မရှင်တို့ ပထမဆုံးအကြိမ် သီးခြားတွေ့ဆုံဖို့ ရှိတယ်လို့ သိရပါတယ်။ တရုတ်အစိုးရရဲ့ အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာ ဆွန်ကော်ရှန်းရဲ့ အစီအစဉ်အရတရုတ်နိုင်ငံ ကူမင်းမြို့မှာ စက်တင်ဘာလ ၅ ရက်နေ့မှာ တွေ့ဆုံကြမယ်လို့ TNLA အဖွဲ့က ပြောပါတယ်။

ဆွေးနွေးပွဲသွားရောက်မယ့် TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တားဘုန်းကျော်ကို RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။