မြန်မာ့စီးပွားရေး အလားအလာကောင်းနေသလား
2018.07.23
မြန်မာနိုင်ငံရဲ့ အမျိုးသားထုတ်ကုန် GDP အသားတင်တန်ဖိုးဟာ လက်ရှိဘဏ္ဍာရေးနှစ်မှာ မြင့်တက်လာမယ်လို့ ကမ္ဘာ့ဘဏ် အစီရင်ခံစာမှာ ဖော်ပြထားသလို၊ အစိုးရကလည်း မြန်မာ့စီးပွားရေး ဦးမော့လာနိုင်တယ်လို့ ပြောထားပါတယ်။
တဘက်မှာတော့ အခြေခံစားသောက်ကုန်တွေ ဈေးတက်တာ၊ မြန်မာငွေ တန်ဖိုးကျတာ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ တိုးမလာတာ၊ လူအများစုအတွက် ဝင်ငွေနဲ့ထွက်ငွေ အကြီးအကျယ် ကွာဟနေတာတွေ တွေ့နေရပါတယ်။
မြန်မာ့စီးပွားရေး အခြေအနေနဲ့ ပတ်သက်လို့ စီးပွားရေးသုတေသီ ဆရာဦးစိန်ဌေးကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က ဆက်သွယ်မေးမြန်းထားပါတယ်။