ကိုဗစ်အလွန် မြန်မာ့ခရီးသွားလုပ်ငန်းနဲ့ စိန်ခေါ်မှုများ
နန္ဒာချမ်း
2020.12.24
2020.12.24
ကိုဗစ်ကြောင့် ဒေါ်လာ သန်းပေါင်း ၂၃ဝဝ လောက် ဆုံးရှုံးခဲ့ရတဲ့ မြန်မာ့ခရီးသွားလုပ်ငန်း ပြန်နာလန်ထူဖို့အတွက် ကိုဗစ်အလွန်မှာ အကောင်အထည်ဖော်မယ့် လမ်းပြမြေပုံ စီမံကိန်းတခုကို အစိုးရက ရေးဆွဲထားပါတယ်။ ဒီစီမံကိန်းဟာ ပြည့်စုံကောင်းမွန်ပေမဲ့ ဘယ်အချိန်မှာ ဘယ်လိုစပြီး အကောင်အထည် ဖော်မလဲဆိုတာကို ပွင့်လင်းမြင်သာစွာ ချပြဖို့ လိုတယ်လို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နဲ့ မြန်မာနိုင်ငံ ခရီးသွားဈေးကွက် မြှင့်တင်ရေးအသင်းတို့ရဲ့ အကြံပေး ဒေါ်မေမြတ်မွန်ဝင်းက ပြောလိုက်ပါတယ်။
ကိုဗစ်အလွန်မှာ ပြည်တွင်း-ပြည်ပ ခရီးသွားတွေကို ဒေသတွင်း အာဆီယံနိုင်ငံတွေနဲ့အပြိုင် ဆွဲဆောင်ရမယ့်နေရာမှာ မြန်မာ့ခရီးသွားလုပ်ငန်းအတွက် ကြီးမားတဲ့ စိန်ခေါ်မှုတွေ ရှိနေတယ်လို့လည်း သူက ဆိုပါတယ်။ RFA ဝိုင်းတော်သူ မနန္ဒာချမ်း က ဒေါ်မေမြတ်မွန်ဝင်းကို ဆက်သွယ်မေးမြန်းထားပါတယ်