စက်ရုံ ၁၄ ရုံ ပိတ်သိမ်းတဲ့သတင်း မှန်ကန်မှုမရှိ


2018.07.23

ရန်ကုန်တိုင်းအတွင်းက စက်ရုံ ၁၄ ရုံ ပိတ်သိမ်းလိုက်တာရကြောင့် အလုပ်သမား ၃၇၀၀ နီးပါး အလုပ်လက်မဲ့ဖြစ်သွားတယ်ဆိုပြီး ထွက်ပေါ်နေတဲ့ သတင်းတွေဟာ မှန်ကန်မှုမရှိဘူးလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM က စီစစ်တွေ့ရှိချက်တွေကို ထုတ်ပြန်ထားပါတယ်။

အဲဒီ စာရင်းမှာပါတဲ့ စက်ရုံ ၁၄ ရုံထဲက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေဖြစ်တဲ့ အထည်ချုပ်၊ ဖိနပ်နဲ့ ခြေအိတ် စက်ရုံ ၆ ရုံကို စစ်ဆေးခဲ့ရာမှာ စက်ရုံတစ်ရုံသာ အပြီးပိတ်သိမ်းသွားတာရှိပြီး ကျန်တဲ့ ၅ ရုံကတော့ ပိတ်သိမ်းသွားတာမတွေ့ရဘဲ ပြောင်းရွှေ့ဖွင့်လှစ်တာမျိုးကို တွေ့ရတယ်လို့ CTUM ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် မခိုင်ဇာအောင် က ပြောပါတယ်။

မခိုင်ဇာအောင် ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။