သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-08-16
မြန်မာနိုင်ငံမှာ အိမ်ခြံမြေဈေးနှုန်းတွေ အဆမတန်ကြီးမြင့်နေတဲ့အတွက် အခြေခံလူတန်းစားတွေအပြင် ဝန်ထမ်းတွေ၊ လူလတ်တန်းစားတွေပါ အိမ်ပိုင်ဆိုင်နိုင်မယ့် အခွင့်အလမ်းက အတော့်ကိုနည်းပါးနေပါတယ်။
2014-08-16
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ညောင် ဝန်းကျေးရွာမှာ သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေမှာ ဝင်ရောက်ထွန်ယက်ခဲ့ကြတဲ့ လယ်သမားတွေနဲ့ မြို့နယ်ရဲတပ်ဖွဲ့အကြား ပဋိပက္ခဖြစ် ပွား ခဲ့ပါတယ်။
2014-08-16
ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် မိချောင်းကန်ရပ်ကွက်က နေအိမ်တွေကိုဖျက်ပြီး စစ်တပ်ကသိမ်း ထားတာပြန်ပေးဖို့တောင်းဆိုနေတဲ့ကိစ္စမှာ သပိတ်ခေါင်းဆောင် ဦးစိန်သန်းကို အာဏာပိုင်တွေက ဖမ်းပြီး တရားစွဲထားပါတယ်။
2014-08-14
ကရင်စစ်ပြေးဒုက္ခသည်ဘဝကနေ နိုင်ငံရေး လူမှှုရေး သီချင်းတွေ သီဆိုပြီး ထိုင်းနိုင်ငံရောက် ကရင်တိုင်းရင်းသားတွေကြားထဲ အောင်မြင် စပြုနေတဲ့ ကေဖိုးခွားက ကရင်လက်နက်ကိုင် အဖွဲ့တွေ အားလုံး ညီညွတ်ကြပြီး ပြည်နယ်အတွက် ကူညီကြဖို့ ပြောပါတယ်။
2014-08-14
တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်က အစိုးရနဲ့ အပစ်ရပ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေပါဝင်ခွင့်ရမှ တစ်နိုင်ငံလုံးအသွင်ဆောင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲလို့ခေါ်ဆိုနိုင်မှာဖြစ်ကြောင်း ကယန်းပြည်သစ်ပါတီ ပြောပါတယ်။
2014-08-14
နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်ရေးအတွက် မြန်မာ ငြိမ်းချမ်းရေးဌာန MPC မှာ အထူးအစည်းအဝေး တစ်ခုကို အခုလာမယ့် သြဂုတ်လ ၁၈ ရက်နေ့ ကျင်းပမှာဖြစ်ပါတယ်။
2014-08-14
မြန်မာနိုင်ငံမှာ ရေကာတာတွေ တည်ဆောက်မယ့် သဘောတူညီချက် စာချုပ်တွေကို ပြန်လည်ပြင်ဆင်ချုပ်ဆိုဖို့ ဖြစ်နိုင်တယ်လို့ တရုတ်ဘက်က ပြောကြားလိုက်ပါတယ်။
2014-08-12
အနာဂတ် မြန်မာ အမေရိကန် ဆက်ဆံရေး အလား အလာများနဲ့ ပတ်သက်ြင်္ပီး နယူးယောက် ပြည်နယ် ရပ်ဂါးစ်တက္ကသိုလ်က မြန်မာ့အရေး လေ့လာသူ ပါမောက္ခ ဂျိုးဆက်ဖ် - ဆီးလ်ဗါးစတိုင်းကို ဦးခင်မောင်ညိန်းက ဆက်သွယ် မေးမြန်းထား ပါတယ်။
2014-08-12
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အနေနဲ့ ဒီကနေ့အထိ တိုင်စာပေါင်း ၄၀၀ ကျော်လက်ခံရရှိထားပြီး၊ အဲဒီထဲက အမှု ၁ ခုကို စတင်စစ်ဆေးအရေးယူနေပြီလို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
2014-08-10
သြဂုတ်လဆန်းပိုင်းကစလို့ ဆန်ဈေးနှုန်းတွေမြင့် တက်နေရာမှာ ဆန်အမျိုးအစားပေါ်မူတည်ပြီး တစ် အိတ်ကို ကျပ်သုံးထောင်က ကျပ်ငါးထောင်လောက် အထိ ဖြစ်နေတဲ့အတွက် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်က အရံဆန်တွေ ထုတ်ရောင်းဖို့ စီစဉ်နေပါတယ်။
2014-08-08
ပြည်နယ် တိုင်းဒေသကြီးတွေမှာရှိတဲ့ စက်ရုံ၊ အလုပ်ရုံတွေမှာ လုပ်ကိုင်နေကြတဲ့ အလုပ်သမားတွေအတွက် အနည်းဆုံးအခကြေးငွေသတ်မှတ်နိုင်ဖို့ အလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ အလုပ်သမားvကိုယ်စားလှယ်တွေဟာ ဒီလကုန်မှာ ကွင်းဆင်းလေ့လာသွားမှာဖြစ်ကြောင်း နေပြည်တော် အလုပ်သမားဝန်ကြီးဌာနမှာ ဒီနေ့ကျင်းပတဲ့ ‘အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေး အမျိုးသားအဆင့်ကော်မတီ အစည်းအဝေး’ မှာ ဆုံးဖြတ်လိုက်ပါတယ်။
2014-08-08
သမိုင်းဝင် ရှစ်လေးလုံးအရေးတော်ပုံကြီး ၂၆ နှစ်ပြည့် ခဲ့ပါပြီ။ ၁၉၈၈ အရေးတော်ပုံမှာ ဗိုလ်ကြီးစိုင်းဝင်းကျော် ဟာ ပြည်သူတွေနဲ့ ပူးပေါင်းခဲ့လို့ အပြစ်ပေးခံခဲ့ရပါ တယ်။
2014-08-06
မြန်မာနိုင်ငံက အလုပ်သမားတွေကို အပြည်ပြည် ဆိုင်ရာအဆင့် စံသတ်မှတ်ဖို့အတွက် သင်တန်းတွေ ပေးဖို့ကိစ္စနဲ့ပတ်သက်ပြီး၊ အစိုးရ ဝန်ကြီးဌာနပေါင်းစုံနဲ့ ပုဂ္ဂလိကတွေ ဆွေးနွေး ခဲ့ကြပါတယ်။
2014-08-06
စစ်အစိုးရလက်ထက် စီမံကိန်းကြီးတွေအတွက် ဧကပေါင်း သိန်းချီပြီး မြေယာသိမ်းဆည်းခဲ့ တာတွေကြောင့် အခုအခါမှာ မြေယာပြဿ နာတွေ နေ့စဉ်ဖြစ်ပေါ်နေပြီး စီမံကိန်းကြီး အများစုဟာ အခုအချိန်အထိ လက်တွေ့အကောင် အထည်မဖော်တဲ့အတွက် လက်ရှိအစိုးရအနေနဲ့ လုပ်ငန်းမလုပ်ကိုင်တဲ့ မြေယာတွေကို အစိုးရ က ပြန်သိမ်းသင့်တယ်လို့ ကြံ့ခိုင်ရေးပါတီ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ပြည်တွင်း ထုတ်သတင်း စာတစ်စောင်မှာ ရေးသားခဲ့ပါတယ်။
2014-08-06
အမေရိကန်ပြည်ထောင်စုကနေ မြန်မာနိုင်ငံ ကို ခေတ္တပြန်လာပြီး ဇာတိဖြစ်တဲ့ ရေနံချောင်းမှာ နယ်ခံကျောင်းသားလူငယ်တွေကို အင်္ဂလိပ်စာ အခမဲ့ သင်ကြားနေတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးမောင်မောင်ဝမ်းကို မကွေးတိုင်း ဒေသခံ အာဏာပိုင်တွေက သြဂုတ် လ ၄ ရက်နေ့က လာရောက်ပိတ်ပင်ခဲ့ပြီး ညတွင်းချင်း ရန်ကုန်လေဆိပ်ကနေ အမေရိကန်ပြည်ထောင်စု ကို ပြည်နှင်ဒဏ်ပေးလိုက်ပါတယ်။