ဆန်ဈေးနှုန်းတွေ မြင့်တက်နေတဲ့အကြာင်း မေးမြန်းချက်
2014.08.10
သြဂုတ်လဆန်းပိုင်းကစလို့ ဆန်ဈေးနှုန်းတွေမြင့်တက်နေရာမှာ ဆန်အမျိုးအစားပေါ်မူတည်ပြီး တစ်အိတ်ကို ကျပ်သုံးထောင်က ကျပ်ငါးထောင်လောက်အထိ ဖြစ်နေတဲ့အတွက် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်က အရံဆန်တွေ ထုတ်ရောင်းဖို့ စီစဉ်နေပါတယ်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် တွဲဖက်အထွေထွေ အတွင်းရေးမှူး ဒေါက်တာစိုးထွန်းကို RFA သတင်းထောက် မရတနာဦး ဆက်သွယ်မေးမြန်းခဲ့ပါတယ်။