အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နဲ့ ဆက်သွယ်မေးမြန်းချက်


2014.08.12

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အနေနဲ့ ဒီကနေ့အထိ တိုင်စာပေါင်း ၄၀၀ ကျော်လက်ခံရရှိထားပြီး၊ အဲဒီထဲက အမှု ၁ ခုကို စတင်စစ်ဆေးအရေးယူနေပြီလို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ အဂတိလိုက်စားမှု အကျင့်ပျက်ချစားမှုတွေကို ကော်မရှင်က စုံစမ်းစစ်ဆေးနိုင်ဖို့အတွက် အချက်အလက်အတိအကျနဲ့ ကော်မရှင်ကို တိုင်ကြားဖို့ လိုအပ်မယ်လို့လည်း ပြောဆိုပါတယ်။ အဲဒီကော်မရှင်ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဥပဒေရေးရာပညာရှင် ဦးသန်းအောင်ကို RFA အဖွဲ့သူ မသင်းသီရိက ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။