တန်ဖိုးနည်းအိမ်ရာ ဖော်ဆောင်ရေး ဆက်သွယ်မေးမြန်းချက်
2014.08.16
မြန်မာနိုင်ငံမှာ အိမ်ခြံမြေဈေးနှုန်းတွေ အဆမတန်ကြီးမြင့်နေတဲ့အတွက် အခြေခံလူတန်းစားတွေအပြင် ဝန်ထမ်းတွေ၊ လူလတ်တန်းစားတွေပါ အိမ်ပိုင်ဆိုင်နိုင်မယ့် အခွင့်အလမ်းက အတော့်ကိုနည်းပါးနေပါတယ်။ ဆင်းရဲနွမ်းပါးသူတွေအတွက် တန်ဖိုးနည်းအိမ်ရာတွေ တည်ဆောက်သွားဖို့ လိုအပ်တဲ့အကြောင်းကိုလဲ သမ္မတ ဦးသိန်းစိန်က မနေ့ကပြောလိုက်ပါတယ်။
ဒါကြောင့် ပြည်သူတွေဝယ်နိုင်မယ့် တန်ဖိုးနည်းအိမ်ယာတွေ အကောင်အထည်ပေါ်လာနိုင်ခြေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း ဒု-ဥက္ကဌ ဦးသန်းဦးကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။