စဉ့်ကူးလယ်သမားများနဲ့ ရဲတပ်ဖွဲ့ အခြေအနေ မေးမြန်းချက်
2014.08.16
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ညောင်ဝန်းကျေးရွာမှာ သိမ်းဆည်းထားတဲ့ လယ်ယာမြေ တွေမှာ ဝင်ရောက်ထွန်ယက်ခဲ့ကြတဲ့ လယ်သမားတွေနဲ့ မြို့နယ်ရဲတပ်ဖွဲ့အကြား ပဋိပက္ခဖြစ်ပွား ခဲ့ပါတယ်။
ရဲတပ်ဖွဲ့က သေနတ်ပစ်ဖေါက်ပြီး ဝင်ရောက်ဖမ်းဆီးတဲ့အတွက် ဒဏ်ရာရတဲ့ ကျေးရွာသားတစ်ချို့ ရှိသလို ကျေးရွာသားတွေကလည်း ရဲတပ်ဖွဲ့ဝင်တချို့ကို ဖမ်းဆီးခဲ့ပါတယ်။ မနေ့မှာ မန္တလေးတိုင်း ဒေသကြီး ရဲမှူးနဲ့ ကျေးရွာသားတွေ ညှိနှိုင်းရာမှာ ပြေလည်မှုရရှိခဲ့ပါတယ်။
ညှိနှိုင်းရာမှာ ပါဝင်ခဲ့တဲ့ ညောင်ဝန်းရွာသား ကိုအောင်အောင်ကို RFA သတင်းထောက် မရတနာဦး ဆက်သွယ်မေးမြန်းထားပါတယ်။