ပြည်နှင်ဒဏ်ပေးခံရတဲ့ အင်္ဂလိပ်စာဆရာ ဦးမောင်မောင်ဝမ်း နဲ့ မေးမြန်းချက်
2014.08.06
အမေရိကန်ပြည်ထောင်စုကနေ မြန်မာနိုင်ငံကို ခေတ္တပြန်လာပြီး ဇာတိဖြစ်တဲ့ ရေနံချောင်းမှာ နယ်ခံ ကျောင်းသားလူငယ်တွေကို အင်္ဂလိပ်စာ အခမဲ့ သင်ကြားနေတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးမောင်မောင်ဝမ်းကို မကွေးတိုင်း ဒေသခံ အာဏာပိုင်တွေက သြဂုတ်လ ၄ ရက်နေ့က လာရောက်ပိတ်ပင်ခဲ့ပြီး ညတွင်းချင်း ရန်ကုန်လေဆိပ်ကနေ အမေရိကန်ပြည်ထောင်စုကို ပြည်နှင်ဒဏ် ပေးလိုက်ပါတယ်။
ပြည်နှင်ဒဏ်အပေး မခံရခင် ရေနံချောင်းမှာရှိနေတဲ့ ဦးမောင်မောင်ဝမ်းကို RFA က ကိုကျော်မင်းထွန်းက ဆက်သွယ်မေးမြန်းထားတာကို နားဆင်နိုင်ပါတယ်။