တစ်နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စဲရေး ဆွေးနွေးပွဲအကြောင်း ကယန်းပြည်သစ်ပါတီနဲ့ မေးမြန်းချက်
2014.08.14
တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ လွန်ခဲ့တဲ့ အနှစ် ၂၀ လောက် က အစိုးရနဲ့ အပစ်ရပ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေပါဝင်ခွင့်ရမှ တစ်နိုင်ငံလုံးအသွင် ဆောင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲလို့ခေါ်ဆိုနိုင်မှာဖြစ်ကြောင်း ကယန်းပြည်သစ်ပါတီကပြောပါတယ်။
ကယန်းပြည်သစ်ပါတီ တွဲဘက်အတွင်းရေးမှူး ဗိုလ်မှူးကြီး စောလွင်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းခဲ့ပါတယ်။