သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-06-22
တရုတ်နိုင်ငံ ဘဏ်တွေက မြန်မာကုန်သည်တွေရဲ့ ဘဏ်စာရင်းတွေကို တရုတ်အစိုးရက ယာယီပိတ်သိမ်းထားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး စီးပွားရေနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက တရုတ်နိုင်ငံ တာဝန်ရှိသူတွေနဲ့ အခုလ ၁၈ ရက်နေ့က စပြီး ညှိနှိုင်းမှုတွေ ပြုလုပ်နေပါတယ်။
2017-06-21
ကရင်ပြည်နယ်၊ ဘားအံမြို့နယ် ဝတ်ကြီးကျေးရွာ အနီးမှာ မဂ္ဂါဝပ် ၁၂ဝဝ ကျော်ထုတ်လုပ်နိုင် မယ့် ကျောက်မီးသွေး သုံးလျှပ်စစ်ဓါတ်အားပေး စက်ရုံ တည်ဆောက်ဖို့ လေ့လာဆန်းစစ်မှုတွေ ပြု လုပ်မှာကို အရပ်ဖက်အဖွဲ့အစည်း ၁ဝဝ ကျော်က ကန့်ကွက်ကြောင်း ဒီနေ့ သဘောထားကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2017-06-20
တရုတ်ဘဏ်တွေမှာ အပ်နှံထားတဲ့ မြန်မာနိုင်ငံ သားတွေရဲ့ ဘဏ်ငွေစာရင်းတွေ အပိတ်ခံထားရတဲ့ အတွက် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးမှာ အခက်အခဲတွေဖြစ်နေပါတယ်။ ဒီကိစ္စကို အမြန် ဆုံးဖြေရှင်းပေးဖို့အတွက် တရုတ်နိုင်ငံဖက်က သက် ဆိုင်ရာဌာနဆိုင်ရာတွေဆီ အကြောင်းကြားထား တယ်လို့ မူဆယ်ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်း က ပြောပါတယ်။
2017-06-20
မြန်မာသတင်းသမားများကာကွယ်ရေး ကော်မတီဟာ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ ဃ ဖျက်သိမ်းရေး လက်မှတ်စုဆောင်းမှုကို မနက်ဖြန်မှာ စတင်ပြီး ကောက်ခံရရှိတဲ့လက်မှတ်တွေကို နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံ ပေးပို့သွားမယ်လို့ သိရပါတယ်။
2017-06-19
ထိုင်း၊ စင်္ကာပူနဲ့ ဟောင်ကောင်နိုင်ငံတွေမှာ အိမ်အ ကူအဖြစ် တရားမဝင် သွားရောက် လုပ်ကိုင်နေကြ တဲ့ မြန်မာနိုင်ငံသားတွေရဲ့ စာရင်းကို သံရုံးတွေ ကနေတဆင့် အလုပ်သမား လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အားဝန်ကြီး ဌာနက တောင်းခံထား ပါတယ်။
2017-06-19
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ စခန်းကြီးကျေးရွာအုပ်စု အမြန်လမ်းက ကျူးကျော်တဲတွေကို တိုင်းဒေသကြီးအစိုးရအဖွဲ့က ရှင်းလင်း နေရာမှာ ဒီနေ့အထိ ကျူးကျော်တဲ အလုံးရေ ၅၀၀၀ ခန့် ရှင်းလင်းပြီး ဖြစ်ပါတယ်။
2017-06-19
အထက်တန်းအောင်တဲ့ ဂုဏ်ထူးရှင်ကျောင်းသားတွေဟာ တခြားဘာသာတွေထက် မြန်မာစာမှာ ရမှတ်နည်းလေ့ရှိကြပါတယ်။ အမှတ်ပေးစည်းမျဉ်း ကြောင့်လို့ပြောကြပါတယ်။
2017-06-19
၂ဝ၁၁ ခုနှစ်ကစပြီး လက်ရှိ ၂ဝ၁၇ ခုနှစ်အထိ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်ချက် ရာခိုင်နှုန်းဟာ နှစ်စဉ် ၃ဝ ရာခိုင်နှုန်းဝန်းကျင်သာရှိနေတာကြောင့် ပညာရေးပိုင်းနဲ့ပတ်သက်လို့ အားနည်းချက်တွေ ရှိနေတယ်လို့ဆိုနိုင်ပြီး ပြန်လည်သုံးသပ်ဖို့ လိုအပ်နေတယ်လို့ ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံ ပညာရေးသုသေတနဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်မြဲက ပြောပါတယ်။
2017-06-19
တရုတ်ဘဏ်တွေမှာ အပ်နှံထားတဲ့ မြန်မာနိုင်ငံသား ကုန်သည်တွေ၊ ငွေလဲလှယ်သူတွေအပါအဝင် ငွေစာ ရင်း တစ်ထောင်လောက် အပိတ်ခံထားရပါတယ်။
2017-06-19
အစိုးရရဲ့ ငြိမ်းချမ်းရေး ကော်မရှင်က မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ တရုတ်နိုင်ငံခြားရေးဌာနကတဆင့် ဆက်သွယ်ထားတယ်လို့ သိရပါတယ်။
2017-06-19
ကရင်ပြည်နယ် ဘားအံမြို့မှာ လျှပ်စစ်ဓာတ်အား ၁၂၆ဝ မဂ္ဂါဝပ်ထွက်ရှိမယ့် ကျောက်မီးသွေးလျှပ်စစ် ဓာတ်အားပေးစက်ရုံ တည်ဆောက်ဖို့အတွက် ကြိုတင်ဆန်းစစ်လေ့လာချက်တွေ လုပ်ဆောင်ဖို့ တိုယိုထိုင်းကုမ္ပဏီနဲ့ ပြည်နယ်အစိုးရအဖွဲ့တို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးထားတယ်လို့ သိရပါတယ်။
2017-06-19
သတင်းလွတ်လပ်ခွင့်ကို ထိပါးတယ်လို့ ဝေဖန်နေကြတဲ့ ပုဒ်မ ၆၆ ဃနဲ့ပတ်သက်ပြီး ဒီပုဒ်မဟာ ကလဲ့စားချေဖို့ ထုတ်ပြန်ထားတဲ့ ပုံစံမျိုးဖြစ်တယ်လို့ စာနယ်ဇင်ကောင်စီဝင်တဦးက ပြောပါတယ်။
2017-06-17
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ် ရေ ထွက်ကျေးရွာနဲ့ စဉ်ကူးမြို့နယ် ဝါးဘိုးကျေးရွာတွေ မှာ ရွှေတူးဖော်နေတဲ့လုပ်ကွက်တွေက စွန့်ပစ် တဲ့မြေစာပုံတွေကြောင့် သောက်သုံးရေအခက် အခဲတွေဖြစ်နေသလို ဓာတုပစ္စည်းတွေသုံးပြီး ရွှေ တူးဖော်နေတာတွေကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတွေ ရှိနေတယ် ဆိုပြီး ဒေသ ခံတွေက တိုင်ကြားလာတာကြောင့် အမျိုးသား လွှတ်တော်သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီက ပြီးခဲ့တဲ့ရက်ပိုင်းက သွားရောက်စစ်ဆေးခဲ့ပါတယ်။
2017-06-17
ကချင်ပြည်နယ် တနိုင်းမြို့နယ် ရွှေနဲ့ ပယင်းမှော်ဒေသမှာ တပ်မတော်နဲ့ ကေအိုင်အေတို့ လက်ရှိအချိန် အထိ စစ်ရေးတင်းမာနေပါတယ်။ ဒေသခံ ၈၀၀ကျော်ကို တနိုင်းမြို့ပေါ်က ခရစ်ယာန်ကျောင်း လေးခု မှာ နေရာချထားပေးပြီး ကူညီပေးနေတယ်လို့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC သင်းအုပ်ဆရာ ဦးဂျယ်ဒီး က ပြောပါတယ်။
2017-06-17
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် အမြန်လမ်းမဘေးက ကျုးကျော်တဲတွေကို ဖျက်သိမ်းရာမှာ ဘုန်းတော်ကြီးသင် စာသင်ကျောင်းတစ်ကျောင်းလည်း ပါဝင်ခဲ့ပါတယ်။