အိမ်အကူသွားရောက် လုပ် ကိုင်နေတဲ့ မြန်မာလုပ်သား စာရင်း တောင်းခံ
2017.06.19
ထိုင်း၊ စင်္ကာပူနဲ့ ဟောင်ကောင်နိုင်ငံတွေမှာ အိမ်အကူအဖြစ် တရားမဝင် သွားရောက် လုပ်ကိုင်နေကြတဲ့ မြန် မာနိုင်ငံသားတွေရဲ့ စာရင်းကို သံရုံးတွေကနေတဆင့် အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီး ဌာနက တောင်းခံထားပါတယ်။
ထိုင်းနိုင်ငံမှာ အိမ်အကူ နှစ်သောင်းရှစ်ထောင်ကျော်နဲ့ စင်္ကာပူနိုင်ငံမှာ လေးသောင်းကျော်လောက် ရောက်ရှိနေ တယ်လို့ အကြမ်းဖျဉ်းစာရင်းရထားကြောင်း အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင် က ပြောပါတယ်။
အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ် မေးမြန်းထားပါတယ်။