ကျူးကျော်နေရာတွေ ဖျက်ရာမှာ ဘကကျောင်းပါသွား
2017.06.17
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် အမြန်လမ်းမဘေးက ကျုးကျော်တဲတွေကို ဖျက်သိမ်းရာမှာ ဘုန်းတော်ကြီးသင် စာသင်ကျောင်းတစ်ကျောင်းလည်း ပါဝင်ခဲ့ပါတယ်။
ကျောင်းကို ပိတ်လိုက်ရတဲ့အတွက် အဲဒီမှာ စာသင်နေတဲ့ ကလေးတွေကို မန္တလေးတိုင်း ကျောက်ဆည်မြို့မှာရှိတဲ့ တမုဒ်ရွှေဂူ ပရိယတ္တိနှင့် ပရဟိတ ဘကကျောင်းမှာ စာဆက်သင်ခွင့်ရအောင် စီစဉ်နေတယ်လို့ ဘကကျောင်းကို တာဝန်ယူထားတဲ့ ဘာသာသွေးသစ်ပရဟိတအဖွဲ့ ဦးဆောင်ဆရာတော် ဦးပညာဝံသ က မိန့်ပါတယ်။
ဆရာတော် ဦးပညာဝံသ ကို RFA သတင်းထောက် မဇာဏီထွဏ်းက ဆက်သွယ်မေးမြန်းထားပါတယ်။