ကျောက်မီးသွေးသုံး လျှပ်စစ် ဓါတ်အားပေးစက်ရုံ အရပ်ဖက် အဖွဲ့တွေ ကန့်ကွက်
2017.06.21
ကရင်ပြည်နယ်၊ ဘားအံမြို့နယ် ဝတ်ကြီးကျေးရွာအနီးမှာ မဂ္ဂါဝပ် ၁၂ဝဝ ကျော်ထုတ်လုပ်နိုင်မယ့် ကျောက်မီးသွေး သုံးလျှပ်စစ်ဓါတ်အားပေးစက်ရုံ တည်ဆောက်ဖို့ လေ့လာဆန်းစစ်မှုတွေ ပြုလုပ်မှာကို အရပ်ဖက်အဖွဲ့အစည်း ၁ဝဝ ကျော်က ကန့်ကွက်ကြောင်း ဒီနေ့ သဘောထားကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံတည်ဆောက်ရာမှာ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုရှိလာမှာ မဟုတ်ဘူးဆိုပြီး ဒေသခံတွေကို ပြောဆိုစည်းရုံးနေကြတာတွေဟာ လိမ်လည်နေတာဖြစ်တယ်လို့ ကရင်မြစ်ချောင်း များ စောင့်ကြည့်ရေး အဖွဲ့တာဝန်ခံ စောသာဘိုးက ပြောပါတယ်။
ကရင်မြစ်ချောင်းများစောင့်ကြည့်ရေးအဖွဲ့ တာဝန်ခံ စောသာဘိုး ကို RFA သတင်းထောက် မဝေမာထွန်း က ဆက် သွယ်မေးမြန်းထားပါတယ်။