မြန်မာကုန်သည် ဘဏ်စာရင်း တရုတ်ပိတ်သိမ်းထားမှု မေးမြန်းချက်


2017.06.22

တရုတ်နိုင်ငံ ဘဏ်တွေက မြန်မာကုန်သည်တွေရဲ့ ဘဏ်စာရင်းတွေကို တရုတ်အစိုးရက ယာယီပိတ်သိမ်းထားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး စီးပွားရေနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက တရုတ်နိုင်ငံ တာဝန်ရှိသူတွေနဲ့ အခုလ ၁၈ ရက်နေ့က စပြီး ညှိနှိုင်းမှုတွေ ပြုလုပ်နေပါတယ်။

မြန်မာနိုင်ငံသားတွေရဲ့ဘဏ်စာရင်းတွေကို ပြန်လည်ဖြေလျှော့ပေးနိုင်ဖို့အတွက် အလေးအနက်ထား ဆောင်ရွက်နေတယ်လို့ တရုတ်ဘက်က ပြောတယ်လို့ ကုန်သွယ်ရေး ဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းက ပြောပါတယ်။

ဦးရန်နိုင်ထွန်းကို RFA သတင်းထောက် မသက်စုအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။