မြန်မာကျောင်းသားတွေ မြန်မာစာရမှတ်နည်းလေ့ရှိတာ ဘာကြောင့်လဲ
2017.06.19
အထက်တန်းအောင်တဲ့ ဂုဏ်ထူးရှင်ကျောင်းသားတွေဟာ တခြားဘာသာတွေထက် မြန်မာစာမှာ ရမှတ်နည်းလေ့ ရှိကြပါတယ်။ အမှတ်ပေးစည်းမျဉ်းကြောင့်လို့ပြောကြပါတယ်။
ဒါ့အပြင် အခုနောက်ပိုင်းမှာ မြန်မာနိုင်ငံသားတွေ ပညာရေးနိမ့်ကျပြီး၊ မြန်မာကလေးတွေဟာ မိခင်ဘာသာဖြစ် တဲ့ မြန်မာစာ ညံ့လာတယ်လို့ စစ်တမ်းတွေအရသိရပါတယ်။ တိုင်းရင်းသားကလေးတွေအတွက်ဆိုရင်လည်း မြန် မာစကားနဲ့ အဓိကသင်နေရတဲ့ပညာရေးကြောင့် သူတို့အတွက်အခက်အခဲတွေ ဖြစ်နေရပါတယ်။
ဒါကြောင့် အင်္ဂလိပ်စကားမပြောတဲ့ လူမျိုးခြားတွေ အင်္ဂလိပ်စာတတ်လွယ်အောင်တီထွင်ထားတဲ့ English as a Second Language လိုမျိုး၊ တခြားတိုင်းရင်းသားလူမျိုးတွေ မြန်မာစာကိုလွယ်လွယ် ကူကူသင်ယူနိုင်မယ့် Burmese as a Second Language လိုမျိုး ဘာသာစကားသင်စနစ်သစ်တခုရှိသင့်ပြီလား ဆိုတာနဲ့ပတ်သက် လို့ တောင်ကုတ်တက္ကသိုလ်က မြန်မာပါမောက္ခဒေါက်တာ ဦးညွန့်သောင်း ခေါ် စာရေးဆရာမောင်သာချိုကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။