သပိတ်ကျင်းနဲ့ စဉ့်ကူးက ရွှေလုပ် ကွက်တွေကို လွှတ်တော်ကော်မတီ စစ်ဆေး


2017.06.17

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ် ရေထွက်ကျေးရွာနဲ့ စဉ်ကူးမြို့နယ် ဝါးဘိုးကျေးရွာတွေမှာ ရွှေတူးဖော်နေတဲ့လုပ်ကွက်တွေက စွန့်ပစ်တဲ့မြေစာပုံတွေကြောင့် သောက်သုံးရေအခက် အခဲတွေဖြစ်နေသလို ဓာတုပစ္စည်းတွေသုံးပြီး ရွှေတူးဖော်နေတာတွေကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတွေ ရှိနေတယ် ဆိုပြီး ဒေသခံတွေက တိုင်ကြားလာတာကြောင့် အမျိုးသား လွှတ်တော်သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီက ပြီးခဲ့တဲ့ရက်ပိုင်းက သွားရောက်စစ်ဆေးခဲ့ပါတယ်။
စစ်ဆေးရာမှာ ပါဝင်ခဲ့တဲ့ အမျိုးသားလွှတ်တော် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကော်မတီ ဥက္ကဌ ဦးကျော်သီဟ ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်း ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။