သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-02-16
စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် စစ်မှုထမ်းရမယ့် အသက်အရွယ်အတွင်းဝင်သူ လူငယ်တွေနဲ့ သူတို့မိဘတွေ ဘယ်လိုစဥ်းစား စီစဥ်နေသလဲ၊ ဒီဥပဒေကြောင့် ဘာတွေဖြစ်လာနိုင်သလဲဆိုတာတွေ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
2024-02-09
မြန်မာပြည်အရေးကို အမေရိကန်လွှတ်တော်မှာ ဆွေးနွေးတွန်းအားပေးနိုင်ဖို့ လွှတ်တော်အမတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ Burma Caucus အဖွဲ့ရဲ့ ကြိုးပမ်းမှုက မြန်မာပြည်အရေးနဲ့ မြန်မာဒုက္ခသည်အကျပ်အတည်းကို ဖြေရှင်းနိုင်မလားဆိုတာတွေ ဆွေးနွေးထားပါတယ်။
2024-02-02
စစ်တပ်အာဏာသိမ်းထားတဲ့ သုံးနှစ်အတွင်း ထိခိုက်နစ်နာတာတွေ၊ အနာဂတ်ပျောက်ဆုံးတာတွေ ကြုံနေရပေမဲ့၊ ဒီကာလကို ကျော်လွန်သွားရင် လွတ်လပ်ငြိမ်းချမ်းပြီး နေချင့်စဖွယ် တိုင်းပြည်ဖြစ်မယ်လို့ လူငယ်တွေအပါအဝင် ပြည်သူတွေက ယုံကြည်မျှော်လင့်ပြီး ဖြတ်သန်းနေတယ်လို့ ပြောကြပါတယ်။
2024-01-26
အာဏာသိမ်း သုံးနှစ်ပြည့်ချိန်မှာ စစ်ကောင်စီဟာ အတော်လေးချိနဲ့နေတဲ့ အခြေအနေကို ရောက်ရှိနေပါပြီ ဒီအခြေအနေမှာ မြန်မာပြည်သူတွေကရော ဘာတွေပြင်ဆင်ထားသင့်ပါလဲ အခုတစ်ပတ်စကား၀ိုင်းမှာ ဒီအကြောင်းတွေကို ဆွေးနွေးတင်ပြမှာပါ။
2024-01-19
နေထိုင်တဲ့နေရာ မတူ၊ အသက်မွေးဝမ်းကျောင်း မတူတဲ့ သာမန်ပြည်သူထဲက အမျိုးသမီးတွေရဲ့ အာဏာစသိမ်းကတည်းက ဒီနေ့အထိ အဖြစ်အပျက်တွေအပေါ် ပြောင်းလဲသွားတဲ့ ဘဝတွေ၊ သုံးသပ်ချက်နဲ့ မျှော်လင့်ချက်တွေအကြောင်း ဆွေးနွေးသွားပါမယ်။
2024-01-12
အာဏာသိမ်းစစ်တပ်က မြို့ပေါင်း နှစ်ဆယ်ကျော်နဲ့ တပ်စခန်းပေါင်း ရာနဲ့ချီ လက်လွှတ်လိုက်ရပြီးနောက် စစ်ကောင်စီ အုပ်ချုပ်မှုမရှိတော့တဲ့ လွှမ်းမိုးမှုမရှိတော့တဲ့ နယ်မြေတွေ အမှန်တကယ် လုံခြုံပြီလား၊ ဘယ်လိုစိန်ခေါ်မှုတွေ ရှိနေလဲဆိုတာ ဆွေးနွေးထားပါတယ်။
2024-01-05
ဒီအပတ် RFA စကားဝိုင်းမှာ မြန်မာနိုင်ငံအနေနဲ့ တရုတ်နိုင်ငံကို ဘယ်လိုဆက်ဆံသင့်သလဲ၊ တရုတ်နိုင်ငံအနေနဲ့ရော လက်ရှိမှာ မြန်မာနိုင်ငံကို ဘယ်လို သဘောထားရှိသလဲ၊ တရုတ်အစိုးရအနေနဲ့ ဒီမိုကရေစီတိုက်ပွဲဝင်အင်အားစုတွေဖက်က ရပ်တည်မှာလား ဒါမှမဟုတ် စစ်ကောင်စီကိုဆက်လက်ထောက်ခံမှာလား စတဲ့ အကြောင်းအရာတွေကို တင်ပြထားပါတယ်။