အာဏာသိမ်းကာလ အမျိုးသမီးတွေရဲ့ ဘဝအပြောင်းအလဲများ
2024.01.19
ဒီတစ်ပတ် RFA စကားဝိုင်း အစီအစဥ်မှာ နေထိုင်တဲ့နေရာမတူ၊ အသက်မွေးဝမ်းကျောင်း မတူတဲ့ သာမန် ပြည်သူလူထုထဲက အမျိုးသမီးတွေရဲ့ အာဏာစသိမ်းကတည်းက ဒီနေ့အထိ အဖြစ်အပျက်တွေအပေါ် ခံစားချက်နဲ့ အတွေ့အကြုံတွေ၊ အာဏာသိမ်းပြီးနောက်ပိုင်း သူတို့ရဲ့ ပြောင်းလဲသွားတဲ့ ဘဝတွေနဲ့ လက်ရှိအခြေအနေတွေအပေါ် သုံးသပ်ချက်နဲ့ မျှော်လင့်ချက်တွေအကြောင်း ဆွေးနွေးသွားပါမယ်။
ပါဝင်ဆွေးနွေးကြမယ့်သူတွေကတော့ ပုဒ်မ ၅၀၅ (က)နဲ့ ထောင်ဒဏ် သုံးနှစ်ကျခံခဲ့ရတဲ့ ပဲခူးမြို့က CDM အထက်တန်းပြဆရာမ ဒေါ်အေးသက်၊ မအူပင်မြို့နယ်က လယ်ယာလုပ်ကိုင်သူ ဒေါ်သန်းသန်းနွယ်၊ ရန်ကုန်မြို့က အိမ်ရှင်မတစ်ဦးဖြစ်သူ ဒေါ်မိုးမိုးဇော်နဲ့ ယင်းမာပင်-ဆားလင်းကြီး သပိတ်ကော်မီတီဝင် CDM ကျန်းမာရေးဝန်ထမ်း မအိသန္တာတို့ ဖြစ်ပါတယ်။ RFA ဝိုင်းတော်သူ မခက်မာ စီစဥ်တင်ဆက်ထားပါတယ်။