စစ်မှုထမ်းဥပဒေရဲ့ ပြည်သူ့အကြား ရိုက်ခတ်မှု

2024.02.16

ဒီတစ်ပတ် RFA စကားဝိုင်း အစီအစဥ်မှာ စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် ပြည်သူတွေအကြား ဘယ်လိုရိုက်ခတ်မှုတွေရှိသလဲ၊ စစ်မှုထမ်းရမယ့် အသက်အရွယ်အတွင်းဝင်သူ လူငယ်တွေနဲ့ သူတို့မိဘတွေ ဘယ်လိုစဥ်းစား စီစဥ်နေသလဲ၊ ဒီဥပဒေကြောင့် ဘာတွေဖြစ်လာနိုင်သလဲဆိုတာတွေ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ပါဝင်ဆွေးနွေးမယ့်သူတွေကတော့ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ ‘ကျေးလက်မြေ’ အဖွဲ့ ဦးဆောင်သူ မမူစဲ၊ စစ်မှုထမ်းရမယ့် အသက်အရွယ်အတွင်းဝင်သူ တက္ကသိုလ်ကျောင်းသား ကိုအောင်ကိုကို၊ စစ်မှုထမ်းရမယ့် အသက်အရွယ်အတွင်းဝင်သူ သားတွေရှိတဲ့ မိခင် ဒေါ်ဟေမာန်နဲ့ အထွေထွေသပိတ်ကော်မတီက ကိုအောင်ဖုန်းမော်တို့ ဖြစ်ပါတယ်။ RFA ဝိုင်းတော်သူ မခက်မာ စီစဉ်တင်ဆက်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။