နိုင်ငံတကာအကူအညီတွေနဲ့ မြန်မာဒုက္ခသည်အကျပ်အတည် ဖြေရှင်းနိုင်မလား

2024.02.09

စစ်အာဏာသိမ်းမှု သုံးနှစ်ပြည့်ချိန်မှာ တစ်နိုင်ငံလုံးအနှံ့ စစ်ရေးပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် နှစ်သန်းခြောက်သိန်းကျော်ရှိနေပါတယ်။

နိုင်ငံရေး၊ စစ်ရေးအရှုံးတွေနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီက စစ်ရေးအရှိန်မြှင့်ပြီး လေကြောင်းကနေ ထိုးစစ်ဆင်တိုက်ခိုက်တာတွေ များလာတာကြောင့် စစ်ဘေးတိမ်းရှောင်ရတဲ့ အရေအတွက်လည်း တိုးလာပါတယ်။ ဒီကာလမှာ စားနပ်ရိက္ခာနဲ့ ဆေးဝါးသယ်ဆောင်ခွင့်တွေ တားမြစ်ကန့်သတ်ခံနေရတဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ကရင်နီပြည်က စစ်ဘေးဒုက္ခသည်တွေ အခက်အခဲပေါင်းစုံ ကြုံနေရပါတယ်။

ထိုင်း-မြန်မာနယ်စပ်မှာ ထိုင်းအစိုးရ အကောင်အထည်ဖော်မယ့် လူသားချင်းစာနာမှုဆိုင်ရာ လုံခြုံရေးဇုန်ကနေ မြန်မာဒုက္ခသည်တွေအတွက် ပေးမယ့် အကူအညီတွေက တကယ်ထိရောက်မလား၊ မြန်မာပြည်အရေးကို အမေရိကန်လွှတ်တော်မှာ တစိုက်မတ်မတ် ဆွေးနွေးတွန်းအားပေးနိုင်ဖို့ လွှတ်တော်အမတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ Burma Caucus အဖွဲ့ရဲ့ ကြိုးပမ်းမှုက မြန်မာပြည်အရေးနဲ့ မြန်မာဒုက္ခသည်အကျပ်အတည်းကို ဖြေရှင်းနိုင်မလားဆိုတာတွေ ဆွေးနွေးထားပါတယ်။

ပါဝင်ဆွေးနွေးမယ့်သူတွေကတော့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ အတွင်းရေးမှူး (၂) ကိုဗညားခွန်အောင်၊ ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံ သပိတ်ကော်မတီ CDM ကျောင်းဆရာမ မနွယ်နွယ်မိုးနဲ့ ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ခံ ဒေါက်တာ ကြည်စိုးထွန်းတို့ ဖြစ်ပါတယ်။ RFA ဝိုင်းတော်သူ မဇင်မာဝင်း စီစဉ်တင်ဆက်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။