သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-08-31
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ရိုဟင်ဂျာမွတ်စလင် အမျိုးသမီးတဦး ဒီရက်ပိုင်းအတွင်း သေဆုံးခဲ့ရတဲ့အမှုကို စုံစမ်းစစ်ဆေးဖို့ လန်ဒန်အခြေစိုက် AI ခေါ် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က မြန်မာအစိုးရကို တိုက်တွန်း လိုက်ကြောင်း ရန်ကုန်မြို့က ဗုဒ္ဓဟူးနေ့လာတဲ့ ရိုက်တာ Reuters သတင်းမှာ ဖေါ်ပြထားပါတယ်။
2016-08-31
ဒီနေ့ စတင်ကျင်းပတဲ့ ၂၁ ရာစု ပင်လုံ ညီလာခံ အောင်မြင်မှာဖြစ်ကြောင်း ကေ အိုင်အို ဒုတိယဥက္ကဌ(၂) ဖြစ်တဲ့ ဗိုလ်ချုပ် ဂွမ်မော် က ပြောပါတယ်။
2016-08-31
ကုလသမဂ္ဂအထွေထွေအတွင်းရေမှူးချုပ် မစ္စတာဘန်ကီမွန်းက ဘာသာမတူသူတွေ အကြား အမုန်းစကားတွေ၊ ခွဲခြားဆက်ဆံမှုတွေ လျှော့ နည်းအောင် ဘာသာရေးခေါင်းဆောင်တွေက ကြိုးစားကြဖို့ ဘာသာရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံစဉ်မှာ တိုက်တွန်း လိုက်ပါတယ်။
2016-08-31
၂၁ရာစု ပင်လုံညီလာခံ စတင်ကျင်းပချိန် ဒီနေ့ကစပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံး တရားဝင် အပစ်ခတ်ရပ်စဲကြောင်း ကြေညာ ချက် ထုတ်ပြန်ပေးဖို့ အရပ်ဘက်အဖွဲ့အစည်း ၁၀၀ ကျော် က တောင်းဆိုလိုက်ပါတယ်။
2016-08-31
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မှာ မနေ့က စိတ်ကြွဆေးပြားနဲ့ ဘိန်းဖြူ ကာလတန်ဖိုးငွေကျပ် သိန်းပေါင်း တစ်သောင်းကျော်ဖိုး ဖမ်းဆီးရမိခဲ့တယ်လို့ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
2016-08-31
တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး စာချုပ် NCA ဟာ ငြိမ်းချမ်းရေးအတွက်သာမက ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့အတွက် ပထမဆုံးခြေလှမ်းဖြစ်ကြောင်း နိုင် ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၁ ရာစု ပင်လုံညီလာခံ ဖွင့်ပွဲအခမ်းအနားမှာ ပြောပါတယ်။
2016-08-31
နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနရုံးမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ ပူးတွဲသတင်းစာရှင်းလင်းခဲ့ပါတယ်။
2016-08-31
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး NCA စာချုပ်မှာ လက်မှတ်မထိုးရသေးတဲ့ AA ၊ TNLAနဲ့ MNDAA စတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကို ၂၁ ရာစု ပင်လုံညီလာခံ တက်ရောက်ခွင့်ပြုဖို့ ရခိုင်နဲ့ တအာန်း - ပလောင် တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်တချို့က နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လက်မှတ်ရေး ထိုးပြီး တောင်းဆိုလိုက်ပါတယ်။
2016-08-31
နေပြည်တော်က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ သတင်းစာရှင်းလင်းပွဲ အကြောင်းကို နေပြည်တော်မှာ ရောက်ရှိနေတဲ့ RFA သတင်းထောက် ဦးဝင်းနိုင်ကို ဝါရှင်တန်ဒီစီ RFA အဖွဲ့သား ကိုကျော်မင်းထွန်းက တိုက်ရိုက်ဆက်သွယ်မေးမြန်းထားပါတယ်။
2016-08-31
ပြီးခဲ့တဲ့အပတ်က လှုပ်သွားတဲ့ငလျင် ဟာ မြေအောက်အနက် မိုင် ၅ဝ ကျော်မှာ မြေထု ချပ်ကြီးနှစ်ခု တိုက်မိတာကြောင့် ဖြစ်တယ်လို့ ပညာရှင်တချို့က ခန့်မှန်းကြပြီး၊ တချို့က လည်းမြေထုချပ်တွေ တိုက်မိပြီးနောက် အနီးအနား က ပြတ်ရွေ့ကြောတွေမှာ လှုပ်ရှားမှုတွေဖြစ် လာပြီးနောက် ငလျင်လှုပ်တာလို့ သုံးသပ်ကြ ပါတယ်။
2016-08-31
တနင်္သာရီမြို့နယ်အတွင်း တရားမဝင် တနိုင်တပိုင်တူးဖော်နေတဲ့ သတ္ထုတွင်းလုပ်ငန်းတွေကို ရပ်ဆိုင်းဖို့ ၂ ကြိမ် သတိပေးခဲ့ပြီး ပစ္စည်းတွေ၊ စက်ယန္တရားတွေ ပြောင်းရွှေ့ဖို့ ၁၅ ရက် အချိန်ပေးထားတယ်လို့ တိုင်းအစိုးရအဖွဲ့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင် က ပြောပါတယ်။
2016-08-31
ကချင်ပြည်နယ် ဖားကန့်မြို့နယ်နဲ့ လုံးခင်းမြို့နယ်တွေမှာ လာမယ့် စက်တင်ဘာလကုန်မှာ လုပ်ကိုင်ခွင့်သက်တမ်း ကုန်ဆုံးတော့မယ့် ကျောက်စိမ်းလုပ်ကွက်ပေါင်း နှစ်ထောင်ကျော်ရှိတယ်လို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းထိန်က ပြောပါတယ်။
2016-08-30
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည် ဦးဆောင်တဲ့ လက်ရှိ အစိုးရအပေါ် နိုင်ငံတကာ အသိုင်းအဝန်း ရဲ့ မျှော်လင့်ချက်တွေ အင်မတန်မြင့်မားနေကြောင်းနဲ့ ဒီကနေ့ စတင်ကျင်းပမယ့် ၂၁ ရာစု ပင်လုံညီလာခံကို အလေးအနက် ဂုဏ်ပြုထောက်ခံကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ပြောကြားလိုက် ပါတယ်။
2016-08-30
မြန်မာအစိုးရဖွဲ့စည်းလိုက်တဲ့ ရခိုင်ပြည် နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ကုလသမဂ္ဂအနေနဲ့ အပြည့်အဝ ထောက် ခံကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း က ပြောကြားလိုက်ပါတယ်။
2016-08-30
မနက်ဖြန်ကျင်းပမယ့် ၂၁ ရာစု ပင်လုံညီလာခံကို ထောက်ခံကြိုဆိုကြောင်း ပြည်ထောင်စုလွှတ်တော်ရုံးက ထုတ်ပြန်ချက်ထဲမှာ "ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု" ဆိုတဲ့စာသား ပါဝင်နေတာဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဆန့်ကျင်တယ်ဆိုပြီး တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်တစ်ဦး က ပြည်ထောင်စုလွှတ်တော်မှာ ကန့်ကွက်လိုက်ပါတယ်။