ဖားကန့်နဲ့ လုံးခင်းမှာ သက်တမ်း ကုန်ဆုံးမယ့် ကျောက်စိမ်းလုပ်ကွက် နှစ်ထောင်ကျော်ရှိ


2016.08.31

ကချင်ပြည်နယ် ဖားကန့်မြို့နယ်နဲ့ လုံးခင်းမြို့နယ်တွေမှာ လာမယ့် စက်တင်ဘာလကုန်မှာ လုပ်ကိုင်ခွင့်သက်တမ်း ကုန်ဆုံးတော့မယ့် ကျောက်စိမ်းလုပ်ကွက်ပေါင်း နှစ်ထောင်ကျော်ရှိတယ်လို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းထိန်က ပြောပါတယ်။ သက်တမ်းတိုးခွင့်ကို ရပ်ဆိုင်းထားမှာဖြစ်ပြီး သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ် (EPM) ရေးသားတင်ပြပြီးမှ လုပ်ကိုင်ခွင့်လိုင်စင်ထုတ်ပေးမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

ညွှန်ကြားရေးမှူးချုပ် ဦးဝင်းထိန်ကို RFA သတင်းထောက် မဝေယံမိုးမြင့် က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။