အပစ်ခတ်ရပ်စဲကြောင်း ကြေ ညာပေးဖို့ အရပ်ဘက်အဖွဲ့ ၁၀၀ ကျော် တောင်းဆို


2016.08.31
21panglong-first-day-620.jpg ၂၁ ရာစု ပင်လုံညီလာခံကို နေပြည်တော် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာမှာ သြဂုတ်လ ၃၁ ရက်နေ့က စတင်ကျင်းပစဉ်
Photo: Myo Thant Khaing/ RFA

၂၁ရာစု ပင်လုံညီလာခံ စတင်ကျင်းပချိန် ဒီနေ့ကစပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး တရားဝင် အပစ်ခတ်ရပ်စဲကြောင်း ကြေညာချက် ထုတ်ပြန်ပေးဖို့ အရပ်ဘက်အဖွဲ့အစည်း ၁၀၀ ကျော်က တောင်းဆို လိုက်ပါတယ်။

၂၁ ရာစု ပင်လုံညီလာခံရဲ့ ဦးတည်ချက်နဲ့ လုပ်ဆောင်ချက်တွေအတွက် ယုံကြည်မှုပျက်ပြားစေနိုင်တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအပေါ် ထိုးစစ်ဆင်တာတွေ ရပ်တန့်ပေးဖို့လည်း တောင်းဆိုထားပါတယ်။

လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားတဲ့ နယ်မြေနဲ့ ဆက်စပ်နယ်မြေတွေက ပြည်သူတွေရဲ့ ဘဝလုံခြုံရေးကို အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ညှိနိုင်းပြီး ငြိမ်းချမ်းတဲ့နည်းနဲ့ အဖြေရှာပေးဖို့၊ လူမှုအဖွဲ့ အစည်းတွေအနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ လွပ်လွပ်လပ်လပ်ပါဝင် ကူညီနိုင်အောင် မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇ (၁) ကို ပယ်ဖျက်ပေးပြီး နိုင်ငံရေးဆိုင်ရာ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပေးဖို့ စတာတွေကိုလည်း တောင်းဆိုထားတာဖြစ်ပါတယ်။

အဲဒီထုတ်ပြန်ကြေညာချက်ကို ကချင်လူငယ်ကွန်ရက်၊ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER ၊ AAPP နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၊ ညီမျှခြင်းမြန်မာ စတဲ့ အရပ်ဘက်အဖွဲ့ ၁၀၀ ကျော် ပူးပေါင်းထုတ်ပြန်တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။