အမုန်းစကားတွေ လျော့ နည်းအောင် ကြိုးစားပေးဖို့ ကုလသမဂ္ဂ တိုက်တွန်း


2016.08.31
sitagu-meet-bankimoon-620.jpg မစ္စတာ ဘန်ကီမွန်းနဲ့ ဘာသာပေါင်းစုံငြိမ်းချမ်းရေးအဖွဲ့တို့ သြဂုတ်လ ၃၁ ရက်နေ့က နေပြည်တော်က Kempinski ဟိုတယ် မှာ တွေ့ဆုံစဉ်
Photo: သီတဂူဆရာတော်နှင့် သီတဂူသတင်းများ

ကုလသမဂ္ဂ အထွေထွေအတွင်းရေမှူးချုပ် မစ္စတာဘန်ကီမွန်းက ဘာသာမတူသူတွေအကြား အမုန်းစကားတွေ၊ ခွဲခြားဆက်ဆံမှုတွေ လျှော့နည်းအောင် ဘာသာရေးခေါင်းဆောင်တွေက ကြိုးစားကြဖို့ ဘာသာရေးခေါင်းဆောင်တွေ နဲ့ တွေ့ဆုံစဉ်မှာ တိုက်တွန်းလိုက်ပါတယ်။

မစ္စတာ ဘန်ကီမွန်းနဲ့ ဘာသာပေါင်းစုံငြိမ်းချမ်းရေးအဖွဲ့တို့ နေပြည်တော်က Kempinski ဟိုတယ်မှာ ဒီကနေ့ တေ့ွဆုံ စဉ် ပြောလိုက်တာဖြစ်တယ်လို့ ပွဲကိုတက်ရောက်ခဲ့တဲ့ ဘာသာပေါင်းစုံငြိမ်းချမ်းရေးအဖွဲ့ ဗဟိုအဖွဲ့ဝင် ဦးေကျာ်ငြိမ်း က ပြောပါတယ်။

"မြန်မာနိုင်ငံကို ကမ္ဘာကစိတ်ဝင်စားပြီး စောင့်ကြည့်နေပါတယ်၊ အမုန်းစကားတွေ ခွဲခြားဆက်ဆံမှုတွေ ကိုတော့ ကျော်လွှားနိုင်ကြဖို့ ဝိုင်းဝန်းလုပ်ကြရမယ်၊ အဲ့ဒါတွေရှိနေတာကို လျော့နည်းအောင်လုပ်ကြရမယ်၊ အဲဒီ့အတွက်လည်း ဘာသာရေးခေါင်းဆောင်ပိုင်းအနေနဲ့ တာဝန်ရှိတဲ့လူတွေက လုပ်နိုင်ကြရမယ်"

မြန်မာပြည်ရဲ့ တိုးတက်မှုဖြစ်စဉ်မှာ ဘာသာရေးခေါင်းဆောင်တွေရဲ့ အခန်းကဏ္ဍဟာလည်း အရေးကြီးတာကြောင့် အခုလိုတွေ့ဆုံတာဖြစ်ကြောင်း မစ္စတာဘန်ကီမွန်းက ပြောခဲ့ပါတယ်။

တွေ့ဆုံပွဲကို သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို တက်ရောက်ခဲ့ပြီး သီတဂူ ဆရာတော် အရှင်ဉာဏိဿရလည်း တက်ရောက်ခဲ့ပါတယ်။

အဲဒီပွဲကို ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူနဲ့ ဘဟာအီ စတဲ့ ဘာသာပေါင်းစုံကိုယ်စားလှယ် ၂၅ ဦး ခန့် တက်ရောက်ခဲ့ကြပြီး ကိုယ်စားလှယ် ၁၀ ဦးခန့်က ဆွေးနွေးတင်ပြခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။