သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-04-30
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဒုက္ခသည်စခန်းတွေကို သွားရောက်ကြည့်ရှုခဲ့ပြီးတဲ့နောက်၊ မြန်မာနိုင်ငံ ကို ရောက်ရှိလာတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ဟာ မနေ့ ညနေပိုင်းက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။
2018-04-30
မြန်မာနိုင်ငံထဲက ထွက်ခွာလာပြီး ဘင်္ဂလားဒေ့ရှ့်နိုင်ငံထဲမှာနေထိုင်သူ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေကို နေရပ်ပြန်ခေါ်ရေး မြန်မာကိုဖိအားပေးဖို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်နေတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ သံတမန်တွေကို တောင်းဆိုလိုက်ပါတယ်။
2018-04-30
ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံတွေရဲ့ ကိုယ်စားလှယ်တွေဟာ ဒီနေ့ နေပြည်တော် မှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တေ့ွဆုံပြီး မနက်ဖြန်မှာ ရခိုင်ပြည်နယ် မောင်တောဒေသကို သွားရောက်လေ့လာကြမှာ ဖြစ်ပါတယ်။
2018-04-30
ကချင်ပြည်နယ်က မြို့နယ်အတော်များများမှာ အစိုးရတပ်မတော်နဲ့ ကေအိုင်အေတို့အကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်ရင်း ပိတ်မိနေတဲ့ ဒေသခံတွေကို အမြန်ဆုံးလွှတ်ပေးဖို့အတွက် မြစ်ကြီးနားမြို့ မှာ ဒီနေ့ညနေပိုင်းက ဖွင့်လှစ်တဲ့ သပိတ်စခန်းကို ပြည်နယ်ဝန်ကြီးချုပ် လက်မှတ်နဲ့ ခွင့်မပြုကြောင်း စာထုတ်ပြီး တားမြစ်တာကြောင့် ပိတ်သိမ်းလိုက်ပါတယ်။
2018-04-30
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်မှာ လေပြင်းတိုက်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦးသေ ဆုံးပြီး နေအိမ် ၃ဝဝ နီးပါး ပျက်စီးခဲ့ပါတယ်။
2018-04-30
ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာ ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့က တရုတ်နိုင်ငံ CNPC ကုမ္ပဏီ နဲ့ မြန်မာ MOGE ကုမ္ပဏီတို့ကို ကျိန်စာတိုက် ဆန္ဒပြခဲ့တဲ့ ဒေသခံ ၄ ဦးကို ငြိမ်းစုစီဥပဒေနဲ့ ရဲတပ်ဖွဲ့က အမှုဖွင့်လိုက်ပါတယ်။
2018-04-30
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ နိုင်ငံလုံးဆိုင်ရာ လူငယ်ညီလာခံကို လာမယ့် မေလကုန်မှာ ကျင်းပမယ်လို့ ပါတီတာဝန်ရှိသူတွေက ဒီနေ့ ပြောပါတယ်။
2018-04-30
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်၊ အောင်သပြေကျေးရွာအနီးမှာ အကောင် အထည်ဖော်နေတဲ့ ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံ စီမံကိန်းကို ဖျက်သိမ်းပေး ဖို့ ဒေသခံတွေက ဒီနေ့ တောင်းဆိုလိုက်ပါတယ်။
2018-04-30
ဧပြီလ ၂၆ ရက်နေ့က ပါတီတည်ထောင်ခွင့် ရရှိသွားပြီဖြစ်တဲ့ “ရှစ်လေးလုံးပြည်သူ့ပါတီ” ဟာ တိုင်းရင်းသားနိုင်ငံရေးပါတီတွေ အပါအဝင် ပါတီအားလုံးနဲ့ မဟာမိတ်ဖွဲ့စည်းသွားမယ်လို့ ပါတီရဲ့ ဒုတိယခေါင်းဆောင် ဦးရဲနိုင်အောင်က ပြောပါတယ်။
2018-04-30
ကချင်ပြည်နယ်မှာ ကေအိုင်အေနဲ့ အစိုးရတပ်မတော်တို့ရဲ့ တိုက်ပွဲတွေအတွင်း ပိတ်မိနေတဲ့ ပြည်သူတွေကို အမြန်ဆုံးလွှတ်ပေးဖို့အတွက် "ပိတ်မိ ပြည်သူများ လွှတ်ပေးရေးကော်မတီ" က ဦးဆောင်ပြီး မနက်ဖြန်မှာ ဆန္ဒပြတောင်းဆိုသွားမှာ ဖြစ်သလို နှစ်ပတ်ကြာ သပိတ်စခန်းဖွင့်သွားမှာ ဖြစ်ပါတယ်။
2018-04-30
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြစ်ဆုံဒေသက တန်ဖရဲရွာမှာရောက်နေတဲ့ အင်ဂျန်းယန်မြို့နယ်က စစ်ဘေးဒုက္ခသည်တွေကို မနေ့က မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့ သလို ဗျူဟာမှူးက လာရောက်တွေ့ဆုံခဲ့တယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။
2018-04-30
မြန်မာတွေအသိနည်းသေးတဲ့ dive site ဆိုတဲ့ ရေအောက်ပန်းခြံကို မှတ်တမ်းဓာတ်ပုံနဲ့ ဗွီဒီယိုရိုက်ကူးသူတဦးရဲ့ မျက်မြင်ကိုယ်တွေ့နဲ့ ငပလီကမ်းခြေကို ပြည်တွင်းခရီးသွားတွေ အရောက်များလာတာနဲ့ အမျှ အမှိုက်သရိုက် ပိုများလာတဲ့အကြောင်းတွေကို ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။
2018-04-30
ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံက သံတမန်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပလောင် ဒုက္ခသည် စခန်းကို မနေ့က သွားရောက်ခဲ့ပြီး၊ ရခိုင်ပြည်နယ်က ထွက်ပြေးလာခဲ့ကြတဲ့ မွတ်စလင် ဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
2018-04-30
ရိုက်တာသတင်းဌာနက သတင်းထောက်နှစ်ဦးအမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီး စစ်ဆေးခံနေရတဲ့ ဒုရဲမှူး မိုးရန်နိုင် ကို ရဲတရားရုံးက ရဲစည်းကမ်းဖေါက်ဖျက်မှုနဲ့ ထောင်ဒဏ်ချမှတ်လိုက်ပြီး၊ အင်းစိန်ထောင်ကို ပို့လိုက်ကြောင်း ရဲတပ်ဖွဲ့ပြောခွင့်ရသူ ရဲမှူးကြီး မျိုးသူစိုး က ပြောဆိုတယ်လို့ ရိုက်တာသတင်းက ဖေါ်ပြပါတယ်။
2018-04-29
မွတ်စလင်တွေတင်မကဘဲ တိုင်းရင်းသားလူနည်းစုတွေ ဟိန္ဒူတွေအားလုံး လွတ်လပ်စွာသွားလာဖို့ အခက်အခဲ အကျပ်အတည်းတွေ ရှိနေတဲ့အတွက် ဌာနဆိုင်ရာအားလုံး ပူးပေါင်းဆောင်ရွက်ပေး မယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ဒီနေ့ ပြောကြားခဲ့ပါတယ်။