သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-03-31
ရိုဟင်ဂျာမွတ်စလင် လက်နက်ကိုင် အဖွဲ့ ခေါင်းဆောင် Ata Ullah အတားအူ လားက ရခိုင်ပြည်နယ်မှာရှိတဲ့ သူတို့ ရိုဟင်ဂျာတွေ လူ့အခွင့်အရေး မရရှိမချင်းမြန်မာ အစိုးရကို ဆက်လက်တိုက်ပွဲဝင်မယ်လို့ မနေ့က ပြောကြားလိုက်ပါ တယ်။
2017-03-31
NCA စာချုပ်မှာ UNFC အဖွဲ့ဝင် ၅ ဖွဲ့လက်မှတ်ရေး ထိုးမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက မနေ့က သတင်းထုတ်ပြန်ခဲ့ပေမယ့် အဲဒီအထဲက ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) ၊ မွန်ပြည် သစ်ပါတီ (NMSP) ဝအမျိုးသားအဖွဲ့ချုပ် (WNO) တို့က လက်မှတ်ရေးထိုးဖို့ မဆုံးဖြတ်ရသေးဘူးလို့ RFA ကို ပြောပါတယ်။
2017-03-31
တစ်နှစ်တာပြည့်မြောက်ခဲ့ပြီဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရရဲ့ နိုင်ငံ့ အတွက် ဆောင်ရွက်ချက်တွေအပေါ် သုံးသပ်ဝေ ဖန်မှုတွေနဲ့ပတ်သက်ပြီး RFA အဖွဲ့သူ မခင်ခင်အိ စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။
2017-03-31
ဘယ်ဘာသာဝင်မဆို ကိုယ်ယုံကြည်ကိုးကွယ်တဲ့ဘာသာ သာသနာတည်တန့်ရေးကိုလိုလားကြသလို ကိုယ့်ဘာသာ ညှိုးနွမ်းသွားမှာ နိမ့်ပါးပျောက်ကွယ်သွားမှာ စိုးရိမ်ကြပါတယ်။ ဘယ်လိုလူတွေက သာသနာကို ညှိုးနွမ်းစေတာလဲဆိုတာနဲ့ပတ်သက်ပြီး မခက်မာ ဆွေးနွေးတင်ပြပါလိမ့်မယ်။
2017-03-31
သမ္မတ ဦးထင်ကျော်ဟာ ဧပြီလ ၆ ရက်နေ့ကနေ ၁၁ ရက်နေ့ထိ တရုတ် နိုင်ငံကို သွားရောက်မယ်လို့ တရုတ် ဆင်ဟွာသတင်းက ဒီနေ့ ဖော်ပြပါတယ်။
2017-03-31
ရခိုင်ပြည်နယ် မောင်တောဒေသမှာ စစ်ဆင်ရေးဆောင်ရွက်ခဲ့စဉ်အတွင်း မုဒိန်းကျင့်ခံခဲ့ရတယ် ဆိုတဲ့ ကျားခေါင်းတောင်ကျေးရွာက အမျိုးသမီး ၃ ဦးကို ငါးခူရ နယ်ခြားစောင့်ရဲစခန်းမှာ အမှုဖွင့်တိုင်တန်းနိုင်ဖို့ အာဏာပိုင်တွေက ဆောင်ရွက်ပေးလိုက်ပါတယ်။
2017-03-31
၈၈ မျိုးဆက် ကျောင်းသားတွေ ပါဝင် မယ့် နိုင်ငံရေးပါတီတစ်ခု ဖြစ်ပေါ်လာဖို့ အတွက် တွေ့ဆုံနွေးပွဲနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ ကို ဒီကနေ့ ရန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်းက ကုန်သည် ကြီးများနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMFCCI မှာပြုလုပ်ခဲ့ပါတယ်။
2017-03-31
ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်ဖြစ်တဲ့ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP ဟာ အစိုးရနဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA မှာ လက်မှတ်ထိုးဖို့အတွက် အတိအကျဆုံးဖြတ်ထားတာ မျိုးတော့ မရှိသေးဘူးလို့ KNPP ရဲ့ ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ ဦးဒယ်နီရယ် က ပြောပါတယ်။
2017-03-31
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ၂၀၁၇ ဘဏ္ဍာငွေအရသုံးဆိုင်ရာ ဥပဒေကြမ်းမှာပါတဲ့ လူကူးခုံးကျော်တံတားတွေ၊ အစိုးရရဲ့ e-Government လုပ်ငန်းနဲ့ ရန်ကုန်မြို့တော်ဂေါက် ကွင်း ပြင်ဆင်ဖို့ စတာတွေရဲ့ အသုံးစရိတ်တွေမှာ ပိုနေတဲ့ ငွေကျပ် ၄ ဘီလီယံကျော်ကို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေက ဖြတ်တောက်ခဲ့ပါတယ်။
2017-03-31
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥပဒေအကြံပေး ရှေ့နေဦးကိုနီ လုပ်ကြံခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး တရားလိုဖြစ်တဲ့ လေဆိပ်တာဝန်ခံ ရဲအုပ်မိုးနိုင် ကို ဒီကနေ့ စတင်စစ်ဆေးတာဖြစ်ပါတယ်။
2017-03-31
ကချင်ပြည်နယ် တနိုင်းမြို့နယ်ကို ဆန် နဲ့ စက်သုံးဆီ ကုန်တင်ကားတွေ လွတ်လပ်စွာ သယ်ယူရောင်း ချခွင့်ပြုရေးအတွက် အရေးအကြီးအဆို ကို ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ ဒီကနေ့ အတည်ပြုလိုက်ပါတယ်။
2017-03-31
မြန်မာနိုင်ငံမှာ သဘာဝဘေးကြောင့် နှစ်စဉ် အမေရိကန်ဒေါ်လာ ၂.၁ ဘီလီယံ ဖိုးလောက် ပျက်စီး ဆုံးရှုံးနိုင်တယ်လို့ လူမှုဝန်ထမ်း၊ ကယ် ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။
2017-03-31
နိုင်ငံတော်အတိုင်ပင်ခံရုံးက UNFC အဖွဲ့ဝင် လက်နက်ကိုင် ၅ ဖွဲ့ အနေနဲ့ NCA မှာ လက်မှတ်ရေး ထိုးတော့မယ်လို့ ထုတ်ပြန်လိုက်ချိန်မှာ UNFC ဒုတိယဥက္ကဌ နိုင်ဟံသာက ဒီကိစ္စနဲ့ပတ်သက်ပြီး UNFC အဖွဲ့မှာ ဆုံးဖြတ်ချက်မချရသေးဘူးလို့ ပြော ဆိုပါတယ်။
2017-03-31
ကာလရှည်ကြာနေပြီဖြစ်တဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း မှာတွေ့ကြုံနေရတဲ့ ပြဿနာတွေကို တိုင်းဒေသကြီး အစိုးရက ဖြေရှင်းနိုင်ဖို့ ကြိုးစားပေမယ့် မပြေ လည်သေးပါဘူး။
2017-03-31
၈၈ မျိုးဆက်ကျောင်းသားတွေ ပါဝင်မယ့် နိုင်ငံရေး ပါတီတခု ပေါ်ပေါက်လာရေး ဆွေးနွေးပွဲကို ရန်ကုန်မြို့က ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်း ရှင်များ အသင်းချုပ်မှာ ဒီကနေ့ပြုလုပ်ခဲ့ရာမှာ ၈၈ မျိုးဆက် ကျောင်းသားတွေနဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေ က ပုဂ္ဂိုလ်တွေ တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။