ရိုဟင်ဂျာအရေးတွက် ဆက်တိုက် မယ်လို့ အတားအူလား ပြောကြား


2017.03.31
muslim-camp-622.jpg ရခိုင်ပြည်နယ်အတွင်းက မွတ်စလင် ဒုက္ခသည်စခန်းတစ်ခုကို တွေ့ရစဉ်
Photo: Min Thein Aung/RFA

ရိုဟင်ဂျာမွတ်စလင် လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင် Ata Ullah အတားအူလားက ရခိုင်ပြည်နယ်မှာ ရှိတဲ့ သူတို့ ရိုဟင်ဂျာတွေ လူ့အခွင့်အရေး မရရှိမချင်းမြန်မာ အစိုးရကို ဆက်လက်တိုက်ပွဲဝင်မယ်လို့ မနေ့က ပြောကြားလိုက် ပါတယ်။

ရိုက်တာသတင်းဌာနနဲ့ သီးသန့်ပြုလုပ်တဲ့ မေးမြန်းခန်းမှာ သူတို့ လူနည်းစုတွေကိုဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အကာအကွယ်မပေးနိုင်ဖူးဆိုရင် လူဦးရေ သန်းနဲ့ချီပြီးရှိတဲ့ မိမိတို့ ရိုဟင်ဂျာအားလုံး တဦးမကျန် အသက်ဆုံးသည် အထိ ရက်စက်တဲ့ စစ်အစိုးရကို ခုခံတိုက်ခိုက်မယ်လို့ ပြောပါတယ်။

တဆက်တည်းမှာပဲ Arakan Rohingya Salvation Army ရခိုင် ရိုဟင်ဂျာကယ်တင်ရေးတပ်ဖွဲ့ လို့ အမည်ပေးထား တဲ့ အဲဒီလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင် အတားအူလား က သူတို့အဖွဲ့ကို ပြည်တွင်းပြည်ပ ကနေ ကူညီထောက်ပံ့နေတဲ့ အဖွဲ့အစည်းတစုံတရာ မရှိကြောင်းနဲ့  မိမိတို့ဟာ နွားတွေ ကျွဲတွေကို ရောင်းချပြီး
ရပ်တည်နေတာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

အခုလို ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်ရဲ့ ပြောကြားချက်နဲ့ ပတ်သက်ပြီးနိုင်ငံတော်အတိုင်ပင်ခံရုံး ညွန်ကြားရေးမှူး ဦးဇော်ဌေး က ဥပဒေအထက်မှာ ဘယ်သူမှမရှိဖူး။ သူတို့လာတိုက်ရင် ကျနော်တို့က လည်း ပြန်တိုက်မှာပဲ၊ ကမ္ဘာပေါ်မှာဘယ်တိုင်းပြည်ကမှ အကြမ်းဖက်မှုကို လက်မခံဖူးလို့ တုံ့ပြန်ပြောဆိုကြောင်း
ရိုက်တာ သတင်းမှာ ဖေါ်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။