သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-03-31
ဂျော်ဒန်နိုင်ငံ CMJ အထည်ချုပ်စက်ရုံ ရဲ့ မြန်မာအလုပ်သမားတွေ အခွင့်အရေး ချိုးဖောက်ခံနေရတာတွေနဲ့ ပတ်သက်ပြီး သောကြာနေ့ က မြန်မာနိုင်ငံကို ပြန်ရောက်လာတဲ့ အလုပ်သမားတွေဟာ ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် ၈၈မျိုးဆက်ကျောင်းသား များရုံးခန်းမှာ တနင်္ဂနွေနေ့ မနက်ပိုင်းက သတင်းစာရှင်းလင်း ပွဲတစ်ရပ်ကျင်းပခဲ့ပါတယ်။
2013-03-31
နယ်စပ်ဒေသရောက် ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က အဖွဲ့ဝင် ၆ ယောက်ဟာ ခရီးစဉ်နောက် ဆုံးနေ့အဖြစ် တရုတ်မြန်မာနယ်စပ်မှာရှိတဲ့ ကချင်ပြည်နယ် စစ်ပြေးဒုက္ခသည်စခန်းတွေကို မနေ့က အကူအညီတွေ သွားရောက်ပေးအပ်ခဲ့ပါတယ်။
2013-03-31
မြန်မာတစ်နိုင်ငံလုံးမှာ Ultraviolet Ray လို့ခေါ်တဲ့ ခရမ်းလွန်ရောင်ခြည် ကျရောက် မှုနှုန်း မြင့်တက်နေတဲ့အတွက် အထူးသတိထားသွားလာကြ ဖို့၊ အထူးသဖြင့် သြင်္ကန်တွင်းမှာ အဝတ်အစား လုံလုံခြုံခြုံ ဝတ်ဆင်ကြဖို့ မြန်မာ့မိုးလေဝသပညာရှင် ဦးထွန်းလွင်က သတိပေးလိုက်ပါတယ်။
2013-03-31
ပဲခူးတိုင်းအတွင်းက အကြမ်းဖက်အဓိကရုဏ်းတွေကြောင့် ဒုက္ခရောက်ရသူတွေအတွက် ရွှေဝါရောင်သံဃာတော်များ ကွန်ရက်နဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ချုပ်တို့ သွားရောက်ကူညီရာမှာ သက်ဆိုင်ရာအာဏာပိုင်တွေက တားမြစ်ပိတ်ပင်ခဲ့ကြောင်း သိရပါတယ်။
2013-03-31
ဒီရက်ပိုင်းအတွင်း မြန်မာနိုင်ငံ အလယ်ပိုင်းမှာ ဖြစ် ပွားနေတဲ့ ဘာသာရေး ပဋိပက္ခတွေ တောင်ကြီးမြို့ကို ကူးစက်ပျံ့နံှ့မလာအောင် ကာကွယ်ဖို့အတွက် လုံခြုံရေးနဲ့ သတင်းပြန်ကြားရေး ကော်မတီတစ်ရပ် ကို တောင်ကြီး NLD ပါတီက တနင်္ဂနွေနေ့ မနက်ပိုင်းက ဖွဲ့စည်းလိုက်ပါတယ်။
2013-03-30
ဒီအပတ် တနင်္ဂနွေ စကားဝိုင်းမှာ ဘားအံမြို့မှာ ၂ ရက်တာကျင်းပခဲ့တဲ့ ကရင်တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ ပထမဆုံးအကြိမ် ကရင့်ရေးရာအစည်းအဝေးနဲ့ သူတို့ရဲ့အနာဂတ် မျှော်မှန်းချက်တွေကို နားဆင်ရမှာဖြစ်ပါတယ်။ ဦးခင်မောင်စိုးက စီစဉ်တင်ဆက်ထားပါတယ်။
2013-03-30
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မတ်လ၂၈ ရက်နေ့မှာ ဆူပူအကြမ်းဖက်မှုတွေကို ထိထိရောက်ရောက်အရေးယူဖို့ ရဲတပ်ဖွဲ့ ဝင်တွေကို ညွှန်ကြားလိုက်ပြီးနောက်ပိုင်း ပြီးခဲ့တဲ့ ရက်ပိုင်းတွေက အကြမ်းဖက်ဖျက်ဆီးတာတွေရှိခဲ့တဲ့ ပဲခူးတိုင်းအနောက်ခြမ်းက မြို့နယ်တချို့မှာ အခြေ အနေ ပြန်လည်တည်ငြိမ်လာနေပြီလို့ ဒေသခံတွေက ဒီကနေ့မှာ ပြောပါတယ်။
2013-03-30
ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြုပြင် သင့်တဲ့ အချက်အလက်တွေကို တပြည်လုံး အတိုင်းအတာနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသင့်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ နာယကအဖွဲ့ဝင် ဆရာဦးဝင်းတင်က ဒီကနေ့မှာ ပြောလိုက်ပါတယ်။
2013-03-30
အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ ကြား ယုံကြည်မှု ပိုပြီးတည်ဆောက်နိုင်မှ သာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့ဒေသတွေမှာ ကျန်နေသေး တဲ့ မြေမြှုပ်မိုင်းတွေကို အပြည့်အ၀ ရှင်းလင်းနိုင်မှာဖြစ်တယ် လို့ ကရင်ပြည်နယ် နယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးအောင်လွင်က RFA ကို ပြောပါတယ်။
2013-03-30
မိတ္ထီလာမြို့အပါဝင် ပဲခူးတိုင်းအတွင်းမှာ ဖြစ်ပေါ် ခဲ့တဲ့ အကြမ်းဖက်မှုတွေကို နိုင်ငံတော်သမ္မတရဲ့ ညွှန်ကြားချက်အတိုင်း ဥပဒေနဲ့အညီ အမြန်ဆုံး အရေးယူဆောင်ရွက်ပေးဖို့ တိုက်တွန်းချက်အပါ အဝင် အချက် ၁၀ ချက်ပါ ထုတ်ပြန်ကြေညာချက် တစ်ရပ်ကို ဘာသာပေါင်းစုံ ခေါင်းဆောင်တွေ၊ နိုင် ငံရေး ပါတီတွေနဲ့ အရပ်ဖက်လူ့အဖွဲ့စည်းတွေ ပူးပေါင်းပြီး ဒီကနေ့မှာ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2013-03-30
မင်းလှမြို့က ဒုက္ခသည် ၁၀၀ ကို ရွှေဝါရောင် သံဃာတော်များကွန်ရက်နဲ့ ငြိမ်းချမ်းမှု တည်ဆောက်ရေး ကွန်ရက်တို့ ပူးပေါင်းပြီး ရန်ကုန်မြို့ကို ခေါ်ဆောင်လာကြောင်း RFA က စုံစမ်းသိရပါတယ်။
2013-03-30
ကနေဒါနိုင်ငံရဲ့ ပထမဦးဆုံး မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးတစ်ဦးကို တာဝန်ပေး ခန့်အပ်လိုက်တယ်လို့ သိရပါတယ်။
2013-03-29
အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာ နီပေါနဲ့ မြန်မာနိုင်ငံကို သွားရောက်တဲ့ ခရီးစဉ် သောကြာနေ့က စတင်လိုက်ပါတယ်။
2013-03-29
ကချင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာ ဖွံ့ဖြိုးရေးအတွက် ဂျပန်အစိုးရက အမေရိကန် ဒေါ်လာ ၇ သန်း ၄ သိန်း ထောက်ပံ့ကူညီလိုက်တယ်လို့ သိရပါတယ်။
2013-03-29
လက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ ကချင်ပြည်နယ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ တပ်သားသစ်စုဆောင်းခြင်းတွေ မပြုလုပ်ကြဖို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော် မရှင်က မနေ့က မတ်လ ၂၈ ရက်မှာ ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။