ဖွဲ့စည်းပုံ ပြင်ဆင်ရေး တစ်နိုင်ငံလုံး အတိုင်းအတာ ဆွေးနွေးသင့်


2013.03.30

ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြုပြင်သင့်တဲ့ အချက်အလက်တွေကို တပြည်လုံး အတိုင်းအတာနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသင့်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ နာယကအဖွဲ့ဝင် ဆရာဦးဝင်းတင်က ဒီကနေ့မှာ ပြောလိုက်ပါတယ်။

ဒီကနေ့ ရန်ကုန်မြို့ ဖိုးစိန်လမ်း Holiday ခန်းမမှာ ပြုလုပ်တဲ့ မြန်မာနိုင်ငံ ပြောင်းလဲဖြစ်စဉ်ကာလနဲ့ ပတ်သက်တဲ့ ဟောပြောပွဲမှာ ဦးဝင်းတင်က ပြောကြားခဲ့တာပါ။

မြန်မာနိုင်ငံမှာ ဆုံးရှုံးနေတဲ့ အခွင့်အရေးတွေကို လွတ်လပ်စွာ ဖော်ထုတ်ခွင့်ရနေတဲ့ အချိန်မျိုးမှာ ပြုပြင်သင့်တဲ့ ဖွဲ့စည်းပုံအခြေခံဆိုင်ရာ အချက်အလက်တွေကို နိုင်ငံသားအားလုံးပိုမို ကျယ်ကျယ်ပြန့်ပြန့် သိရှိလာရေးဟာ အရေးကြီးကြောင်း ဆရာဦးဝင်းတင်က ပြောပါတယ်။

နယ်ပယ်အသီးသီးက အသိပညာရှင်၊ အတတ်ပညာရှင်တွေအနေနဲ့ အနာဂတ် မြန်မာနိုင်ငံကို ဘယ်လိုပြုပြင် ပြောင်းလဲသင့်သလဲဆိုတာတွေနဲ့ ပတ်သက်ပြီး တက်ရောက်လာတဲ့ ပုဂ္ဂိုလ်တွေက ဆွေးနွေးကြရင်းနဲ့ အဖြေတစ်ခုရလာနိုင်ဖို့ စီစဉ်ရတာဖြစ်တယ်လို့ ဒီပွဲကိုဦးဆောင်စီစဉ်တဲ့ အနုပညာရှင် ဦးဇာဂနာကလည်း ဖွင့်ပွဲအခမ်းအနားမှာ ပြောသွားခဲ့ပါတယ်။

အဲဒီပွဲကို ဗြိတိန်နိုင်ငံ Index of Censorship အဖွဲ့က ပူးပေါင်းကူညီတာဖြစ်ပြီး မြန်မာပြည်အနှံ့က  နိုင်ငံရေး၊ စာပေ၊ အနုပညာရှင်၊ ကဗျာဆရာ၊ ဂီတပညာရှင်တွေ တက်ရောက်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။