သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-02-28
ပြည်မြို့မှာ လျှပ်စစ်မီး ပုံမှန်ရရှိဖို့ အတွက် ဒေသခံပြည်သူ ၅၀၀ ဝန်းကျင်က မနေ့ည ၇ နာရီမှာ ဖယောင်းတိုင်တွေထွန်းပြီး ငြိမ်းငြိမ်း ချမ်းချမ်း ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
2013-02-28
တရုတ်နိုင်ငံမှာ သေဒဏ်ချမှတ်ခံထားရတဲ့ ဘိန်းရာဇာ ရှမ်းတိုင်းရင်းသား နော်ခမ်းနဲ့ အပေါင်းပါ ၃ ဦးကို မနက်ဖြန် မတ်လ ၁ ရက်နေ့မှာ ဆေးထိုး ကွပ်မျက်ဖို့ ကူမင်းလူထုတရားရုံးက အမိန့် ချမှတ်လိုက် ပါတယ်။
2013-02-28
ဧရာဝတီတိုင်း၊ မအူပင်မြို့နယ် မလက်တိုကျေးရွာမှာ ဖေဖော်ဝါရီ ၂၆ ရက်နေ့က ရဲတပ်ဖွဲ့ဝင်တွေနဲ့ တောင်သူလယ်သမားတွေ ကြား ဖြစ်ပွား ခဲ့တဲ့ ပဋိပက္ခတွေကြောင့် ဆေးရုံ တင်ထားရတဲ့ လူနာအခြေအနေအားလုံးဟာ စိုးရိမ်ရတဲ့ အခြေအနေတွေ မရှိတော့ဘူးလို့ ဧရာဝတီတိုင်း ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဦးထွန်းမင်းက ပြောပါတယ်။
2013-02-28
ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ရန်ကုန်ကနေ လမ်းလျှောက်သွားကြတဲ့ အဖွဲ့ဟာ အခုအခါ ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ထဲကို ရောက်ရှိနေပြီဖြစ်ပြီး လမ်းတစ်လျှောက်မှာ ရရှိခဲ့တဲ့ အလှူငွေ ကျပ်သိန်း ၁၇၀ ကျော်ကို ကချင်ဒုက္ခသည်တွေထံ စတင် ဖြန့်ဝေလှူဒါန်းနေပြီလို့ သိရပါတယ်။
2013-02-28
လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ကို ဆန္ဒပြခဲ့ကြတဲ့ သပိတ်စခန်းတွေ အကြမ်းဖက်ဖြိုခွဲခံရမှု ၃ လပြည့် အထိမ်းအမှတ် အဖြစ် ကျေးရွာ ၂၆ ရွာကို ကိုယ်စားပြုတဲ့ ဒေသခံ ၂၆ ဦးဟာ ဒီကနေ့ တုန်ရွာသပိတ်စခန်းမှာ အစာငတ်ခံ ဆန္ဒပြခဲ့ကြပါတယ်။
2013-02-28
ကချင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ဖို့ လက်ရှိ အစိုးရနဲ့ ကေအိုင်အိုအဖွဲ့ တွေ့ဆုံမှုကို ဒေသခံပြည်သူတွေက ကြိုဆိုနေကြောင်းနဲ့ အမြန်ဆုံး ထာဝရ ငြိမ်းချမ်းရေး ရရှိလာဖို့ မျှော်လင့်နေကြောင်းကို စစ်ဘေးဒဏ်ကို ပြင်းပြင်း ထန်ထန်ခံစားခဲ့ရတဲ့ ကချင်ဒေသခံတွေက ဖေဖော်ဝါရီ ၂၈ ရက်နေ့ ဒီကနေ့မှာ တောင်းဆိုလိုက်ပါတယ်။
2013-02-28
KIO ထိန်းချုပ် နယ်မြေအတွင်း အကူအညီပေးရေး ဆောင်ရွက်ဖို့ ကားသုံးစီးနဲ့ သွားရောက်တဲ့ ICRC အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ဟာ ဆေးဝါး အကူအညီများပေးအပ်ပြီး ဒီကနေ့ မနက်ပိုင်းမှာ လိုင်ဇာမြို့ကနေ ပြန်လည် ထွက်သွားပါတယ်။
2013-02-28
RCSS/SSA တောင်ပိုင်းအဖွဲ့က စခန်း ၂ခုကို ဒီနေ့ နောက်ဆုံးထားပြီး ဖယ်ပေးဖို့ အစိုးရတပ်က အကြောင်းကြားထားပြီး ဒါဟာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေနဲ့ မကိုက်ညီဘူးလို့ SSA တောင်ပိုင်းအဖွဲ့က ပြောဆိုလိုက် ပါတယ်။
2013-02-27
ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် မလက်တိုကျေးရွာအုပ်စုမှာ လယ်သမားတွေနဲ့ ရဲတပ်ဖွဲ့အကြား ပဋိပက္ခနဲ့ ပတ်သက်ပြီး လွှတ်တော်ကနေ အမြန်ဆုံးဖြေရှင်းပေးဖို့ ရန်ကုန်အခြေ စိုက် ရှေ့နေများကွန်ရက်က ဖေဖော်ဝါရီလ ၂၇ ရက် ဒီကနေ့မှာ ကြေညာချက်တစ်စောင် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
2013-02-27
တနင်္သာရီတိုင်းဒေသကြီးမှာ ကမ္ဘာ့ဘဏ်ရဲ့ လူထုအခြေပြု ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေ အကောင်အထည်ဖေါ်ဖို့ အတွက် အကူအညီ လက်ခံရယူမယ့် မြို့နယ်ရွေးချယ်ပွဲ တစ်ခုကို ဖေဖော်ဝါရီလ ၂၇ ရက် ဒီကနေ့ ထားဝယ်မြို့၊ မြို့တော်ခန်းမမှာ ကျင်းပခဲ့ပါတယ်။
2013-02-27
မြန်မာနိုင်ငံကို အလည်အပတ် ရောက်ရှိနေ တဲ့ နိုဘယ်လ်ငြိမ်းချမ်းရေး ဆုရှင် တောင်အာဖရိက ဘုန်းတော်ကြီး Desmond Tutu ဒက်စမွန်တူးတူး က မြန်မာနိုင်ငံသားတွေအားလုံး လွတ်လပ်မှုကို ရရှိဖို့ဆိုရင် စုစည်း ညီညွှတ်ဖို့ လိုအပ်ကြောင်း ဖေဖော်ဝါရီလ ၂၇ ရက် ဒီကနေ့မှာ တိုက်တွန်းပြောကြားလိုက်ပါတယ်။
2013-02-27
နော်ဝေနိုင်ငံကိုရောက်နေတဲ့ သမ္မတ ဦးသိန်းစိန်ဟာ ဖေဖော်ဝါရီလ ၂၆ ရက် မနေ့က နော်ဝေဝန်ကြီးချုပ် Jens Stoltenberg နဲ့ အော်စလိုမြို့က အစိုးရဧည့်ဂေဟာ မှာ တွေ့ဆုံပြီး နှစ်နိုင်ငံဆက်ဆံရေး ကိစ္စရပ်တွေကို တစ်နာရီကျော်ကြာ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
2013-02-27
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ် မလက်တို ကျေးရွာအုပ်စုမှာ ဒေသခံလယ်သမား ၃၀၀ ကျော်နဲ့ ရဲတပ်ဖွဲ့ဝင်တွေကြား ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခမှာ ရဲတပ်ဖွဲ့ က သေနတ်နဲ့ပစ်ခတ် လူစုခွဲခဲ့ရတာဟာ အခြေအနေကို ထိန်းသိမ်းနိုင်အောင် ဥပဒေအရ ဆောင်ရွက်ရတာ ဖြစ်တယ်လို့ ဧရာဝတီတိုင်း ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ထွန်းမင်းက ပြောကြားလိုက် ပါတယ်။
2013-02-26
မြန်မာ့ပြုပြင်ပြောင်းလဲရေးကို သုံးသပ်ခြင်း ဆိုတဲ့ခေါင်းစဉ်နဲ့ဆွေးနွေးပွဲတရပ်ကို အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ မြို့တော်က Johns Hopkins တက္ကသိုလ် လက်အောက်ခံ Brookings Institute မှာ ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့ က ပြုလုပ်ခဲ့ပါတယ်။
2013-02-26
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ် မလက်တိုကျေးရွာအုပ်စုမှာ ဒေသခံလယ်သမား ၃၀၀ ကျော်နဲ့ ရဲတပ်ဖွဲ့ဝင်တွေကြား ဖေဖေါ်ဝါရီလ ၂၆ ရက် ဒီကနေ့ ညနေက ပဋိပက္ခဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့က သေနတ်နဲ့ပစ်ခတ်ပြီး လူစုခွဲတဲ့အတွက် လယ်သမား ၉ ဦး ဒဏ်ရာရခဲ့ပါတယ်။