သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-11-30
ပြင်သစ်နည်းပညာကုမ္ပဏီတခုဖြစ်တဲ့ Thales ကုမ္ပဏီရဲ့စီးပွားဖက် အိန္ဒိယနိုင်ငံက Bharat လျှပ်စစ်ကုမ္ပဏီဟာ မြန်မာစစ်တပ်နဲ့ ဆက်ဆံရေး နီးနီးကပ်ကပ် ရှိနေပြီး စစ်ရေးဆိုင်ရာ နည်းပညာတွေကို တင်ပို့နေတာကြောင့် ပြင်သစ်ကုမ္ပဏီရဲ့နည်းပညာတွေ မြန်မာစစ်တပ်ဆီကို မရောက်အောင် ရပ်တန့်ပေးဖို့နဲ့ Bharat ကုမ္ပဏီနဲ့လည်း အဆက်အသွယ်ဖြတ်ဖို့ ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ RSFနဲ့ တခြားလူထုလှုပ်ရှားမှု အဖွဲ့သုံးခုက ပူးပေါင်းပြီး တောင်းဆိုလိုက်တဲ့အကြောင်း RSF အဖွဲ့က မနေ့က သတင်းထုတ်ပြန်ပါတယ်။
2021-11-30
ရန်ကုန်မြို့မှာ တကသ အဖွဲ့ဝင်ကျောင်းသားတွေ ကျောင်းသားဟောင်းတွေ ဦးဆောင်ပြီး “စစ်ကျွန်မခံ ဘူးငြင်းဆန် အမျိုးသားနေ့ အဓိဌာန်” ဆိုတဲ့ခေါင်းစဉ်နဲ့ အာဏာရှင်တွေ ပိုင်ဆိုင်တဲ့ ပါရမီနဲ့ Omini ယာဉ်လိုင်းတွေကို ပြည်သူတွေ လိုက်ပါစီးနင်းခြင်း မပြုဖို့ နှိုးဆော်တဲ့လှုပ်ရှားမှုဟာ ၄ ရက်ရှိခဲ့ပါပြီ။
2021-11-30
ဖမ်းဆီးခံနေရတဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှုအသစ်တစ်ခုနဲ့ ထပ်ပြီး တရားစွဲဆိုလိုက်တဲ့အကြောင်း စစ်ကောင်စီထိန်းချုပ်တဲ့ နိုင်ငံပိုင်မြန်မာ့ရုပ်မြင်သံကြားမှာ အင်္ဂါနေ့ညပိုင်းက ကြေညာခဲ့ပါတယ်။
2021-11-30
စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီ (USDP) ဥက္ကဋ္ဌ ဦးဝင်းသိန်းဟာ နိုဝင်ဘာ ၃၀ ရက် ဒီနေ့မနက်ပိုင်းက သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-11-30
ဩစတြေးလျရဲ့ နိုင်ငံပိုင် ငွေကြေးအဖွဲ့အစည်းဖြစ်တဲ့ Future Fund က တရုတ်အစိုးရ ထိန်းချုပ်တဲ့ စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံထားပါတယ်။ အဲဒီလုပ်ငန်းကနေ မြန်မာစစ်တပ်ကို တိုက်လေယာဉ်တွေ ရောင်းချခဲ့တာပါ။
2021-11-30
ဒီကနေ့ နိုဝင်ဘာ ၃၀ ရက်နေ့ဟာ ပြည်သူလူထု ရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရကို ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းတာ ၁၀ လတင်းတင်း ပြည့်တဲ့နေ့ဖြစ်ပါတယ်။
2021-11-30
မုံရွာအောင်ရှင် (ခေါ်) ဦးအေးကြူဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၈ နေ့က ရန်ကုန်တိုင်း တာမွေမြို့နယ်က သူ့ရဲ့နေအိမ်မှာ ကွယ်လွန်ခဲ့တာပါ။ ကြွင်းကျန်ရစ်တဲ့ သူ့ရဲ့ ရုပ်အလောင်းကို ဒီနေ့ နေ့လယ်က ရေဝေးသုသာန်မှာ သင်္ဂြိုဟ်ခဲ့ကြပါတယ်။
2021-11-30
ပဲခူးတိုင်း ဝေါမြို့နယ်က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားသူ ကိုစိုင်းမွန်ဇော်ဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ စစ်ကြောရေးမှာရခဲ့တဲ့ ဒဏ်ရာတွေကြောင့် ဒီနေ့ ကွယ်လွန်ခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
2021-11-30
ဖမ်းဆီးခံထားရတဲ့ မိတ္ထီလာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌဟောင်း မသဲစုနိုင်ဟာ ခြေထောက်တစ်ဖက်ကျိုးနေပြီး စစ်ကြောရေးမှာ ထိရောက်တဲ့ ဆေးကုသခွင့်မရဘူးလို့ မိတ္ထီလာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
2021-11-30
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက တရားစွဲထားတဲ့ အမှုပေါင်း ၁၁ မှုထဲက အမှုနှစ်ခုကို ပထမဆုံးအနေနဲ့ ဒီနေ့ အပြီးသတ်အမိန့်ချဖို့ ချိန်းဆိုထားပေမဲ့ ဒီဇင်ဘာ ၆ ရက်နေ့ကို ရွှေ့ဆိုင်း လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက RFA ကို အတည်ပြုပြောဆိုပါတယ်။
2021-11-30
ပုဒ်မ ၅၀၅ နဲ့ တရားစွဲခံထားရသူတွေရဲ့ နေအိမ် အဆောက်အအုံတွေကို စစ်ကောင်စီရဲ့ ချိတ်ပိတ် ခံထားရသူပေါင်း ၅၅ ယောက်ရှိတယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD Central Working Committee က ထုတ်ပြန်လိုက် ပါတယ်။
2021-11-30
ထားဝယ်တက္ကသိုလ်က ကျောင်းသားသုံးယောက် နိုဝင်ဘာ ၃၀ ရက် ဒီနေ့ မနက်ပိုင်းမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားတယ်လို့ ထားဝယ် တက္ကသိုလ် ကျောင်းသားများသမဂ္ဂက ထုတ်ပြန်ပါတယ်။
2021-11-29
အာဂျင်တီးနားတရားရုံးမှာ မြန်မာစစ်ခေါင်းဆောင်တွေကို လူမျိုးတုံးသတ်ဖြတ်မှုတွေအတွက် စစ်ဆေးမယ့်အမှုမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံအနှံ့ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှု အားလုံးကိုပါထည့်သွင်းတင်ပြသွားမယ်လို့ ဗြိတိန်အခြေစိုက် BROUK မြန်မာရိုဟင်ဂျာအဖွဲ့က ပြောပါတယ်။
2021-11-29
နိုင်ငံတကာ ခရီးသွားလုပ်ငန်းတွေကို မကြာခင် ရောက်လာတော့မယ့် ၂ဝ၂၂ အစောပိုင်းမှာ ပြန်စဖို့ စစ်ကောင်စီက စီစဉ်ထားတဲ့အကြောင်း Vietnam သတင်းမှာ မနေ့က ဖော်ပြထားပါတယ်။
2021-11-29
ရိုဟင်ဂျာ ၂၂၈ ဦး ပါလာတဲ့ စက်လှေတစ်စီးကို ရခိုင်ပြည်နယ် စစ်တွေမြို့အနီးမှာ မြန်မာရေတပ်က မနေ့မနက်ပိုင်းမှာ ဖမ်းဆီးခဲ့တဲ့အကြောင်း စစ်ကောင်စီ ထိန်းချုပ်တဲ့ နိုင်ငံပိုင်မြန်မာ့ရုပ်မြင်သံကြားက ကြေညာပါတယ်။