သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-11-30
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုတွေက မန္တလေး မြို့၊ မစိုးရိမ်တိုက်သစ်ရှိ ဆရာတော်နဲ့ သံဃာတော်တွေကို လှူဖွယ်ပစ္စည်းနဲ့ အလှူငွေကျပ် သိန်း ၁ဝဝ မနေ့က ပေးအပ် လှူဒါန်းခဲ့ပါတယ်။
2016-11-30
မြန်မာ သီလဝါစီးပွားရေးဇုန်ဟာ ကုန်ထုတ်လုပ်ရေးဒေသကြီးတခုဖြစ်လာနေပြီး နိုင်ငံခြားက လာရောက်ရင်းနှီးမြှုပ်နှံတဲ့ ငွေပမာဏဟာ ကန်ဒေါ်လာ သန်းတထောင်နီးပါးရောက်ရှိနေပြီလို့ Nikkei Asean Review နစ်ကိုင်းအေးရှင်းရီဗြူး ဂျပန်စီးပွားရေးသတင်းဌာန က နိုဝင်္ဘာ ၃ဝ ရက်နေ့ မနေ့က ရေးသားလိုက်ပါတယ်။
2016-11-30
မြန်မာနိုင်ငံနယ်စပ်ဒေသကို လုံခြုံရေး ပိုမိုတင်းကျပ်လိုက်ကြောင်း တရုတ် ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပြော ကြားလိုက်ပါတယ်။
2016-11-30
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာအဖွဲ့ ပြောခွင့်ရသူ Vivian Tan ဗီဗီယန်တန်းက မိမိတို့ရရှိထားတဲ့စာရင်းတွေ အရ လတ်တလောကာလအတွင်း ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးရောက်ရှိခဲ့တဲ့ ရိုဟင်ဂျာ ဦးရေဟာ အနည်းဆုံးတသောင်းရှိကြောင်း၊ အမှန်ပကတိ ဦးရေဟာ ဒီထက်များနိုင်ကြောင်း မနေ့က ပြောကြားလိုက် ပါတယ်။
2016-11-30
လယ်ယာမြေ ဧက ၅၀ အထိပိုင်ဆိုင် တဲ့ တောင်သူလယ်သမားတစ်ဦးကို ကျပ် သန်း ၅၀ အထိ ချေးငွေထုတ်ပေးသွား မှာကြောင်းဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်း ဝန်ကြီး ဒေါက်တာ အောင်သူ က ပြည်ထောင် စုလွှတ်တော်မှာ ဒီနေ့ ပြောပါတယ်။
2016-11-30
ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့နယ် နမ့်ဟိုင်းကျေးရွာတဝိုက်မှာ တပ်မတော် နဲ့ မြောက်ပိုင်း မဟာမိတ် တပ်ဖွဲ့တွေ ကြား တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် နမ္မတူမြို့ကို ဒီကနေ့ ထွက်ပြေး တိမ်းရှောင်လာတဲ့ စစ်ဘေးဒုက္ခသည် ၅၀၀ ဝန်းကျင်ရှိတယ်လို့ နမ္မတူမြို့နယ် တအာင်းပလောင် အမျိုးသားပါတီဥက္ကဌ ဦးအောင်မြင့်က ပြောပါတယ်။
2016-11-30
လစ်လပ်မဲဆန္ဒနယ်တွေထဲက မွန်ပြည် နယ် ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်း ကို ဒေသခံကို မရွေးချယ်လို့ဆိုပြီး ချောင်းဆုံမြို့နယ် ဒေသခံ ၁၀၀ ကျော်က ဒီနေ့ မော်လမြိုင်မြို့မှာ ဆန္ဒပြကြပါတယ်။
2016-11-30
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ချုပ်ဟောင်း မစ္စတာ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ် အကြံပေးကော်မရှင်နဲ့ တွေ့ဆုံဆွေးနွေးမှာ မဟုတ်ကြောင်း စစ်တွေမြို့မှာရှိတဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေက ဆုံးဖြတ်လိုက်ပါတယ်။
2016-11-30
ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)နဲ့ တရားစွဲဆို ဖမ်းဆီးခံထားရတဲ့ Eleven Media Group CEO ဒေါက်တာ သန်းထွဋ်အောင်နဲ့ အယ်ဒီတာချုပ် ဦးဝေဖြိုးတို့ရဲ့ အာမခံလျှောက်ထားတာကို တာမွေမြို့နယ် တရားသူကြီးက ဒီနေ့ ပယ်ချလိုက်ပါတယ်။
2016-11-30
လာမယ့် ဧပြီလ (၁ )ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေ ကနေ ရခိုင်အမျိုးသားပါတီကို ကိုယ်စားပြုပြီး ပါတီ ဥက္ကဌ ဒေါက်တာအေးမောင်က ဝင်ရောက်ယှဉ်ပြိုင် မှာ ဖြစ်ပါတယ်။
2016-11-30
နိုင်ငံတော်မှာ လတ်တလောဖြစ်ပေါ်နေတဲ့ အထွေထွေအကျပ်အတည်းတွေကို ဖြေရှင်းနိုင်ဖို့အတွက် ကာလုံ လို့ခေါ်တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေး အမြန်ဆုံးခေါ်ယူပေးဖို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအပါအဝင် နိုင်ငံရေးပါတီ ၁၃ ပါတီက မနေ့ကလက်မှတ်ရေးထိုး တောင်းဆိုထားပါတယ်။
2016-11-29
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အပါအဝင် ပါတီ ၁၃ ခုက နိုင်ငံတော်ရဲ့ အထွေထွေအကျပ် အတည်းကို ဖြေရှင်းနိုင်ဖို့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို အစည်းအဝေးအမြန်ဆုံးခေါ်ယူဖို့ တနင်္လာနေ့က လက်မှတ်ရေးထိုး တောင်းဆိုချက်အပေါ် နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က ငြင်းဆိုလိုက်ပါတယ်။
2016-11-29
UN OHCHR (United Nations High Commissioner for Human Rights) ခေါ် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာ မင်းကြီးရုံးက ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာမွတ်စလင်တွေ နှိပ် စက်ခံနေရတာဟာ crimes against humanity လူသားဖြစ် တည်မှု ဆန့်ကျင်တဲြ့ပစ်မှုတွေဖြစ်နိုင်တယ်လို့ မနေ့က ပြော ကြားလိုက်ပါတယ်။
2016-11-29
အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေပေါ်ကျူးလွန်တဲ့ သက်ငယ်မုဒိမ်းမှုအတွက် ထောင်ဒဏ် ၁၀ နှစ်ကနေ တသက်တကျွန်းအထိချမှတ်မယ့် ဥပဒေကြမ်းကို ရှေ့နေချုပ်ရုံးကို တင်ပြထားပြီလို့ သိရပါတယ်။
2016-11-29
မြန်မာလူမျိုးတွေရဲ့ သည်းခြေကြိုက် ခေတ်သစ်ငါးပိလုပ်ငန်းမှာ ငါးပိမြန်မြန်နပ်ဖို့ ယူရီးယား ဓါတ်မြေသြဇာကိုသုံးပြီး၊ ယင်မနားအောင် ပိုးသတ်ဆေးတစ်မျိုး ကိုသုံးနေကြတယ်လို့ သိရပါတယ်။