ကြားဖြတ်ရွေးကောက်ပွဲ ဝင်ပြိုင်မယ့် ဒေါက်တာအေးမောင် နဲ့ မေးမြန်းချက်


2016.11.30

လာမယ့် ဧပြီလ (၁ )ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေကနေ ရခိုင်အမျိုးသားပါတီကို ကိုယ်စားပြုပြီး ပါတီ ဥက္ကဌ ဒေါက်တာအေးမောင်က ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဘက်က အမ်းမြို့နယ်ကို ထိုးဖောက်စည်းရုံးမှုတွေ အားကောင်းနေတာကြောင့် ရွေးကောက်ပွဲအောင်နိုင်ဖို့အတွက် ဒေသခံရခိုင်အမျိုးသားပါတီဝင်တွေက ရွေးကောက်ပွဲဝင်ပေးဖို့ တောင်းဆိုတာကြောင့် ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့တာလို့ ဒေါက်တာအေးမောင် က ပြောပါတယ်။

ရခိုင်အမျိုးသားပါတီဥက္ကဌ ဒေါက်တာအေးမောင် ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။