၁၃ ပါတီတောင်းဆိုမှု မလိုအပ်ကြောင်း သမ္မတရုံးအရာရှိ ပြောကြား

နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး ကို တွေ့ရစဉ်
နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး ကို တွေ့ရစဉ် (.)

0:00 / 0:00

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အပါအဝင် ပါတီ ၁၃ ခုက နိုင်ငံတော်ရဲ့ အထွေထွေအကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို အစည်းအဝေးအမြန်ဆုံးခေါ်ယူဖို့ တနင်္လာနေ့က လက်မှတ်ရေး ထိုး တောင်းဆိုချက်အပေါ် နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ငြင်းဆိုလိုက်ပါတယ်။

ဦးဇော်ဌေးက ပါတီ ၁၃ ခုပြောဆိုတဲ့ နိုင်ငံတွင်းဖြစ်ပွားနေတဲ့ လက်ရှိအခြေအနေဟာ အစိုးရရင်ဆိုင်နေရတဲ့ အထွေထွေအကျပ်အတည်းလို့ ပြောဆိုတာကို လက်မခံဘူးလို့ ငြင်းဆိုပါတယ်။ တဆက်တည်း အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအခေါ်ယူဖို့ ဆုံးဖြတ်ချက်ကို လူကြီးတွေချရမှာဖြစ်တယ်လို့ပြောဆိုသလို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ခေါင်းဆောင်များ မကြာခဏ တွေ့ဆုံဆွေးနွေး မှုတွေရှိတယ်လို့လည်း ပြောဆိုပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီး ဦးတင်အောင်ခိုင်ရဲ့ တင်ပြချက်ကို နားဆင်ပါ။