သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-10-31
ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည် ၄၆ ယောက် မြန်မာနိုင်ငံဘက်ကို မနေ့က ကြာသပတေးနေ့မှာ သူတို့ သဘောဆန္ဒနဲ့သူတို့ ပြန်လာကြတဲ့အတွက် မြန်မာဘက်က ကြိုဆိုလက်ခံပြီး နေရာချပေးထားတယ်လို့ ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ မြန်မာသံရုံးရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
2019-10-31
ကမ္ဘာတဝှမ်း ငွေလွှဲလုပ်ငန်းလုပ်နေတဲ့ Western Union ကုမ္ပဏီက မြန်မာ့တပ်မတော်ရဲ့ မြဝတီ ဘဏ်နဲ့ ဆက်စပ်ငွေလွှဲနေတာကို ရပ်ဖို့ အမေရိကန်နဲ့ ဗြိတိန်အခြေစိုက် ရိုဟင်ဂျာအဖွဲ့တွေက မနေ့ကရက်စွဲနဲ့ ကြေညာချက်ထုတ်ပြီး တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
2019-10-31
RFA ကိုရေးတဲ့စာ ပေးတဲ့စာ အစီအစဉ်ကို ထုတ်လွှင့်မှာဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ မကွေးတိုင်း၊ ပဲခူးနဲ့ ရခိုင်ပြည်နယ်တွေမှာရှိတဲ့ RFA ပရိသတ်တွေက ပေးပို့လာတဲ့စာတွေကို တင်ပြပေးမှာဖြစ်ပါတယ်။
2019-10-31
ရခိုင်ပြည်နယ်အတွင်းက တိုက်ပွဲတွေ ပြင်းထန်လာချိန်မှာ ဒေသခံတွေ ထိခိုက်ဒဏ်ရာရရှိတာတွေ ဖမ်းဆီးခံရတာတွေ၊ ခြိမ်းခြောက်ခံရတာတွေ များလာနေပါတယ်။
2019-10-31
၂၀၁၈ ခုနှစ် ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ဆွာရေလှောင်တမံကျိုးပေါက်မှုကြောင့် ကျေးရွာ ၁၇ ရွာ၊ နေအိမ်ပေါင်း တစ်သောင်းကိုးရာကျော်နဲ့ လယ်ယာမြေဧက သုံးသောင်းကျော် ပျက်စီးဆုံးရှုံး ခဲ့ရပြီး သေဆုံးသူ ခြောက်ဦးအထိ ရှိခဲ့ပါတယ်။
2019-10-31
တအာင်းလက်နက်ကိုင်တပ်ဖွဲ့ TNLA စစ်ဝတ်စုံနဲ့စကားပြောစက်တွေ့လို့ဆိုပြီး တပ်မတော် စစ်ကြောင်းက ရိုက်နှက်မေးမြန်းခဲ့တာကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း ကွက်ခိုင်ဆေးရုံတက် ဆေးကုသရတဲ့ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။
2019-10-31
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာမှာ တပ်မတော်စစ်ကြောင်းတစ်ခုက ဖမ်းဆီးစစ်ဆေးနေ သူ သုံးဦးဟာ ဒဏ်ရာတွေနဲ့ ထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို့ မိသားစုဝင်တွေကပြောပါတယ်။ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက တပ်မတော်က ဒီလိုလုပ်တာမရှိဘူးလို့ ငြင်းဆိုပါတယ်။
2019-10-31
ရခိုင်ပြည်နယ်ထဲ စစ်ရေးပဋိပက္ခအတွင်း အရပ်သား သေဆုံးမှု မြင့်တက်နေပါတယ်။ တပ်မတော်နဲ့ AA တို့ တိုက်ပွဲတွေကြောင့် အရပ်သားတွေကို သံသယနဲ့ ဖမ်းဆီးပြီး သတ်ဖြတ်တာတွေ၊ နှိပ်စက် ညှဉ်းပန်းတာတွေဟာ မင်းမဲ့စရိုက်ဆန်တဲ့ အပြုအမူတွေဖြစ်နေပြီး တရားဥပဒေစိုးမိုးမှု မရှိ သလောက်ကိုဖြစ်နေရပါတယ်။
2019-10-31
ရန်ကုန်မြို့က သမိုင်းဝင် "အတွင်းဝန်ရုံး" နေရာဟောင်းမှာ ဖွင့်လှစ်ထားတဲ့ အနှိပ်ခန်းနဲ့ ပတ်သက် ပြီး လတ်တလောမှာ ဝေဖန်မှုတွေမြင့်တက်နေပါတယ်။ ဒီလကုန်ပိုင်းမှာ ပိတ်သိမ်းဖို့အတွက် ဗိုလ်တထောင်မြို့နယ် စည်ပင်သာယာရေးကော်မတီက အကြောင်းကြားထားပြီး ကိုယ်စား လှယ်တွေအနေနဲ့ စစ်ဆေးနိုင်ဖို့ ကြိုးစားနေပါတယ်။
2019-10-31
အခုတစ်ပတ် "နိုင်ငံ့ရေးရာ မေးစရာ" အစီအစဉ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နေပြည်တော်ကောင်စီ ၊ ဒက္ခိဏသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးသန့်ဇင်ထွန်း ကို RFA ဝိုင်းတော်သူ မအေးအေးမွန် က သီးသန့်တွေ့ဆုံမေးမြန်း ထားပါတယ်။
2019-10-31
တက္ကသိုလ်ပညာရေးမှာ Student Loan လို့ခေါ်တဲ့ ပညာရေးချေးငွေဟာ တက္ကသိုလ်ကျောင်းသား တစ်ဦးရဲ့ အနာဂတ်ကို ဘယ်လောက်အထိ ပြောင်းလဲပေးနိုင်သလဲ ဆိုတာကို ဆွေးနွေးထားကြပါတယ်။
2019-10-31
ကယားပြည်နယ် လွိုင်ကော်နဲ့ ဒီမောဆိုမြို့နယ်တို့မှာ တပ်မတော်ပိုင် မြေနေရာပေါ်မှာ ကျူးကျော်စိုက်ပျိုးခဲ့တယ် ဆိုတဲ့ ဒေသခံ ၂ဝ ကျော် တရားစွဲခံနေရပြီး အဲဒီထဲက ၁၂ ဦးဟာ ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှုနဲ့ အထိန်းသိမ်းခံနေ ရပါတယ်။
2019-10-30
ဂူတာပြင်ကျေးရွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအတွက် အရေးယူဖို့ စတင်ဆောင်ရွက်နေပြီလို့ တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။ ဘူးသီးတောင်မြို့နယ်အတွင်းက မွတ်စလင်တွေကတော့ ပွင့်လင်းမြင်သာမှု ရှိပါ့မလားလို့ သံသယ ဝင်နေကြပါတယ်။
2019-10-30
နာဂရိုးရာ နှစ်သစ်ကူးပွဲတော်ဟာ နာဂတွေရဲ့ဆုံးဖြတ်ချက်နဲ့လုပ်ကိုင်ရတဲ့ပွဲမဟုတ်တော့ဘဲ၊ အာဏာပိုင်တွေရဲ့ ဖျော်ဖြေရေး၊ ခရီးသွားပွဲတော်တစ်ခုအဖြစ်သာ မြင်နေရတယ်လို့ နာဂအသိုင်းအဝိုင်းက ဝေဖန်နေကြပါတယ်။
2019-10-30
လက်နက်ကိုင်အဖွဲ့အစည်း အများအပြားရှိနေပြီး တိုက်ပွဲတွေ ဖြစ်ပွားနေဆဲဖြစ်တဲ့ မြန်မာနိုင်ငံမှာ စစ်လက်နက်ပစ္စည်းနဲ့ မြေမြှုပ်မိုင်းအန္တရာယ်ကို အများဆုံး ကြုံတွေ့နေရတာကတော့ တိုင်းရင်းသားဒေသက ပြည်သူတွေ ဖြစ်ပါတယ်။