သေနတ်သံကြားရင် ပြေးကြရတဲ့ ရွာတွေ

ဦးတင်အောင်ခိုင်
2019.10.31
rakhine-refugees-622.jpg ရခိုင်ပြည်နယ် ဘူးသီးတောင်မှာ ၂ဝ၁၉ ဇန်နဝါရီလ ၄ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တပ်မတော်နဲ့ AA အဖွဲ့ကြားက တိုက်ပွဲကြောင့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြသော စစ်ဘေးရှောင်ဒုက္ခသည်များ။
Photo: AFP

ရခိုင်ပြည်နယ် အတွင်းက တိုက်ပွဲတွေ ပြင်းထန်လာချိန်မှာ ဒေသခံတွေ ထိခိုက်ဒဏ်ရာရရှိတာတွေ ဖမ်းဆီးခံရတာတွေ၊ ခြိမ်းခြောက်ခံရတာတွေ များလာနေပါတယ်။

ဒါကြောင့် သေနတ်သံကြားတယ်ဆိုရင်ကိုပဲ အဝတ်တထည်၊ ကိုယ်တခုနဲ့ ထွက်ပြေးနေကြပြီလို့ ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေကပြောပါတယ်။

ကျေးရွာတွေ အတွင်းမှာလည်း မပြေးနိုင်တဲ့ သက်ကြီးရွယ်အိုတွေပဲ ကျန်ရှိတယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။