သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-09-26
သံတွဲမြို့ပေါ်က စစ်ဘေးဒုက္ခသည်စခန်းကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နှစ်စီးနဲ့ ဗုံးကြဲခဲ့တာကြောင့် စစ်ဘေးဒုက္ခသည် ၁၄ ဦး သေဆုံးခဲ့ပြီး ၂၅ ဦး ဒဏ်ရာရခဲ့ပါတယ်။
2024-09-26
မြင်းခြံမြို့နယ် ဖုံရွာကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့ ဝင်ရောက် စီးနင်းပြီးနောက် ဒေသခံ အမျိုးသားသုံးဦးကို သတ်ဖြတ်သွားပါတယ်။
2024-09-26
ပဲခူးတိုင်းက ပဲခူး၊ မဒေါက်နဲ့ တောင်ငူမြို့တွေမှာ စိုးရိမ်ရေမှတ်အထက် ကျော်လွန်နေဆဲဖြစ်ပြီး မြစ်ရေကြီးမှုတွေ ဆက်ဖြစ်လာနိုင်ပါတယ်။
2024-09-25
ခင်ဦးမြို့နယ် ရှားလွင်ရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံ နှစ်ဦးသေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာရပါတယ်။
2024-09-25
လာမယ့်နှစ်အတွက် အနည်းဆုံး ဆန်အိတ်ပေါင်း ၁၃ သန်း ကျော်ထွက်နှုန်း လျော့ကျသွား နိုင်ခြေရှိတယ်လို့ တွက်ဆကြပါတယ်။
2024-09-25
ရာဂီမုန်တိုင်းဒဏ်သင့် စစ်ဘေးဒုက္ခသည်စခန်းတွေနဲ့ ရေဘေးသင့်နေရာတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပစ်မှတ်ထားတိုက်ခိုက်နေတဲ့အတွက် အကူအညီပေးသူတွေ သွားလာလို့မရသေးဘူးလို့ ဆိုပါတယ်။
2024-09-25
လားရှိုးမြို့ကို စစ်ကောင်စီက လေကြောင်းက မကြာခဏ ထိုးစစ်ဆင်တဲ့အတွက် အရပ်သားတွေသေဆုံးပြီး အဆောက်အဦတွေ ပျက်စီးရတယ်လို့ MNDAA က ပြောပါတယ်။
2024-09-25
မြန်မာစစ်ကောင်စီနဲ့ စီးပွားရေးဆက်ဆံမှု၊ စစ်ကောင်စီ ကျင်းပမဲ့ ရွေးကောက်ပွဲအစီအစဉ်ကို ထောက်ခံမှုအပါအဝင် ထိတွေ့ဆက်ဆံမှုအားလုံးကို အဆုံးသတ်ဖို့ အာဆီယံကို တိုက်တွန်းထားပါတယ်။
2024-09-25
PDF တွေနဲ့ ပကဖတွေဟာ သူတို့ထိန်းချုပ်နယ်မြေအတွင်းက ရေဘေးသင့်ပြည်သူတွေကို ကူညီကယ်ဆယ်ပေးနေတယ်လို့လည်း ဆိုပါတယ်။
2024-09-25
ဒီပြဿနာကို သုံးသပ်ပြီး ဖြေရှင်းနိုင်တဲ့ အကြံသစ်တွေပေးဖို့ စီးပွားရေးပညာရှင်လည်းဖြစ်တဲ့ မိုဟာမက်ယူနွတ်က တိုက်တွန်းပါတယ်။
2024-09-25
အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကို ရိုက်ကူးတင်ပြတဲ့အတွက် ဖမ်းဆီးအကျဉ်းချ၊ ညှဉ်းပန်းနှိပ်စက် ခံခဲ့ရတဲ့ သတင်းထောက် မသူဇာအဖို့ ထောင်တွင်းစိတ်ဒဏ်ရာတွေကို ကုစားရတာ၊ မိသားစုရပ်တည်ရေးအတွက် ရုန်းကန်ရတာတွေဟာ ခက်ခဲတဲ့ ခရီးရှည်ကြီးတစ်ခု ဖြစ်ပါတယ်။
2024-09-25
ဧရာဝတီမြစ်အတိုင်း စုန်ဆင်းလာတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်သင်္ဘောကနေ မြစ်ကမ်းတစ်လျှောက်က ရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် သက်ကြီးရွယ်အိုတစ်ဦး သေဆုံးပြီး ကလေးတစ်ဦး ဒဏ်ရာရသွားပါတယ်။
2024-09-25
မြောက်ပိုင်းညီနောင်သုံးဖွဲ့ သိမ်းပိုက်ထားတဲ့ မြို့တွေကို ပြန်လည်ထိုးစစ်ဆင်နိုင်ဖို့ စစ်ကောင်စီတပ်က စစ်အင်အားအလုံးအရင်း ပို့နေပါတယ်။
2024-09-25
တောင်ကုတ်မြို့နယ်၊ တန်းလွဲရွာမကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဥ်နဲ့ ဗုံးကြဲခဲ့တာကြောင့် အရပ်သားနှစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-09-25
မူဆယ်မြို့ မှာ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ အဆောက်အအုံ အချို့ကို စစ်ကောင်စီရဲ့ ဒေသအာဏာပိုင်တွေက ဝင်ရောက်စီးနင်းခဲ့ပြီးနောက် တရုတ်နိုင်ငံသား ၂၄၇ ဦးနဲ့ မြန်မာနိုင်ငံသား ၅ဝဝ ကျော်၊ စုစုပေါင်း လူ ၇၅ဝ ထက်မနည်း ဖမ်းဆီးရမိခဲ့ပါတယ်။