သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-08-18
မြန်မာနိုင်ငံအတွင်း သတင်းစာ လောက ဖွံ့ဖြိုး တိုးတက်စေရေး အထောက်အကူပြုဖို့ နဲ့ ထူးချွန်တဲ့ သတင်းသမားတွေကို ထိုက်ထိုက်တန်တန် အားပေး ဂုဏ်ပြုနိုင်ဖို့ အမျိုးသား သတင်းဆု ကော်မတီ National Press Award ကော်မတီတရပ်ကို မြန်မာ ပုဂ္ဂလိက စာနယ်ဇင်းဆရာတွေက ဦးဆောင် စည်းဝေးပြီး ဒီကနေ့ မှာ ဖွဲ့စည်းခဲ့တယ်လို့ သိရပါတယ်။
2011-08-18
သမ္မတဦးသိန်းစိန်ရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ဗဟိုအစိုးရရဲ့ ညွှန်ကြားချက်ကို ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ UNFC က လက်မခံ ပယ်ချလိုက် ပါတယ်။
2011-08-18
သြဂုတ်လ ၁၂ ရက်နေ့က ဝန်ကြီး ဦးအောင်ကြည်နဲ့ တွေ့ဆုံပွဲ အပြီး ထုတ်ပြန် ကြေငြာချက်မှာ ပါတဲ့ အတိုင်း ဒီဆွေးနွေးပွဲတွေဟာ အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်နိုင်မယ့် ကောင်းသော စတင်ခြင်း ဖြစ်ကြောင်း မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က RFA ကို ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2011-08-17
ကချင်လွတ်မြောက်ရေး KIO အဖွဲ့နဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေကို သောင်းကျန်းသူ၊ အကြမ်းဖက် အဖွဲ့အစည်းတွေလို့ ဦးသိန်းစိန် အစိုးရက သုံးနှုန်း ပြောဆိုတာကို ကန့်ကွက်တဲ့ အကြောင်း KIO က မနေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2011-08-17
ဒီမိုကရေစီအတွက် ဘယ်လောက် ဖွင့်ပေးသလဲဆိုတဲ့ လုပ်ရပ်နဲ့ပဲ မြန်မာ အစိုးရသစ်ကို အကဲဖြတ် ရမှာပါလို့ အမေရိကန် အစိုးရက ပြောလိုက်ပါတယ်။
2011-08-17
အမေရိကန် အထက်လွှတ်တော် အမတ် John Kerry ရဲ့ နိုင်ငံခြားရေး မူဝါဒ ဆိုင်ရာ လက်ထောက် အရာရှိ Mr. Atman Trivedi နဲ့ ရန်ကုန်မြို့ အမေရိကန်သံရုံး ကိုယ်စားလှယ် အဖွဲ့ဟာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ ဒီကနေ့ မွန်းလွဲပိုင်းက သွားရောက်တွေ့ဆုံ ပါတယ်။
2011-08-17
နေပြည်တော်မှာ လာမယ့် သောကြာနေ့ ကနေ တနင်္ဂနွေနေ့ အထိ (၃) ရက်ကြာ ကျင်းပမဲ့ စီးပွားရေး ပြုပြင် ပြောင်းလဲမှု ဆိုင်ရာ ဆွေးနွေးပွဲကို နိုင်ငံရေးပါတီ (၃၇) ခုကိုပါ ဖိတ်ကြားထားတယ်လို့ သိရပါတယ်။
2011-08-17
အမြင်မတူပေမယ့် တိုင်းပြည် တိုးတက်ရေး အတွက် လက်တွဲ လုပ်ဆောင်ကြဖို့ လိုကြောင်း၊ အစိုးရ အနေနဲ့ ငြိမ်းချမ်းရေး အတွက် တံခါး ဖွင့်ထားကြောင်း ပြောကြားပြီး၊ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ နိုင်ငံကို ပြန်လာနိုင်ကြောင်း သမ္မတဦးသိန်းစိန်က ဒီကနေ့ ဖိတ်ခေါ်လိုက်ပါတယ်။
2011-08-16
အစိုးရထုတ် နေ့စဉ်သတင်းစာတွေ ဖြစ်တဲ့ မြန်မာ့အလင်း သတင်းစာနဲ့ ကြေးမုံ သတင်းစာတို့ရဲ့ နောက်ဖုံးမှာ ဖော်ပြနေကျ RFA, VOA, BBC, DVB စတဲ့ အသံလွှင့် ဌာနတွေကို ပုတ်ခပ် ရေးသားတဲ့ စာတမ်းတွေ မနေ့က မဖေါ်ပြဘဲ ဖယ်ရှားခဲ့ ပါတယ်။
2011-08-16
ပြည်ပပို့ကုန် အမျိုးအစား ၇ မျိုးအတွက် ကုန်သွယ်ခွန်ကို ၆ လ ကင်းလွတ်ခွင့် ပေးမှာဖြစ်ကြောင်း ဒီကနေ့ ထုတ် သတင်းစာတွေမှာ ဖော်ပြခဲ့ ပေမယ့် ဒေါ်လာငွေ တန်ဖိုး ဆက်လက် ကျဆင်းနေတာ ကြောင့် သိသိသာသာ အကျိုးခံစားနိုင်မှာ မဟုတ်ဘူး လို့ ပို့ကုန် လုပ်ငန်းရှင်တွေက ပြောပါတယ်။
2011-08-16
သမ္မတ ဦးသိန်းစိန်က စီးပွားရေး လုပ်ငန်းရှင်တွေ၊ အရပ်ဘက်လူမှု အဖွဲ့အစည်း ခေါင်းဆောင်တွေနဲ့ ပထမဆုံး အကြိမ်အဖြစ် နေပြည်တော် မှာ မနက်ဖြန် တွေ့ဆုံဖို့ ဖိတ်ကြားထားပါတယ်။
2011-08-16
ပဲခူးမြို့က အနောက်ရွှေနံ့သာ ကျောင်းတိုက် ဓမ္မာရုံအတွက် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အလှူငွေ ၅ သိန်း ထပ်မံ လှူဒါန်းကြောင်း သိရပါတယ်။
2011-08-16
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပဲခူးခရီးစဉ်မှာ ကူညီပေးလိုက်တဲ့ အစိုးရ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် FTUB က ကျေးဇူးတင်ကြောင်း ဒီနေ့ ကြေညာချက် တစောင် ထုတ်ပြန် လိုက်ပါတယ်။
2011-08-16
ဧရာဝတီမြစ် ထာဝရ ရှင်သန်ရေး အတွက် ဝိုင်းဝန်း ဆောင်ရွက်ကြဖို့ ဒီကနေ့ သမ္မတ ဦးသိန်းစိန်ထံ လက်မှတ်ထိုး တင်ပြတဲ့ လှုပ်ရှားမှု တခုကို ရန်ကုန်မြို့မှာ စတင် လှုပ်ရှားပါတယ်။
2011-08-16
KIA ကချင်လွတ်မြောက်ရေး တပ်ဖွဲ့နဲ့ အစိုးရ ကိုယ်စားလှယ်တို့ ငြိမ်းချမ်းရေး အတွက် တွေ့ဆုံဆွေးနွေးခဲ့ပေမဲ့ အခုအချိန်အထိ တိကျတဲ့ အဖြေ မရရှိသေးပါဘူး။