ပြည် ပရေဒီယိုများကို ပုတ်ခတ်တဲ့ စာတမ်းများ နေ့စဉ် သတင်းစာများမှာ ဖယ်ရှား

အစိုးရထုတ် နေ့စဉ်သတင်းစာတွေ ဖြစ်တဲ့ မြန်မာ့အလင်း သတင်းစာနဲ့ ကြေးမုံ သတင်းစာတို့ရဲ့ နောက်ဖုံးမှာ ဖော်ပြနေကျ RFA, VOA, BBC, DVB စတဲ့ အသံလွှင့် ဌာနတွေကို ပုတ်ခပ် ရေးသားတဲ့ စာတမ်းတွေ မနေ့က မဖေါ်ပြဘဲ ဖယ်ရှားခဲ့ ပါတယ်။

2011.08.16

ပြီးခဲ့တဲ့ ဧပြီလ ဦးသိန်းစိန် အစိုးရ တက်လာတဲ့ ရက်ပိုင်း အတွင်းမှာ သတင်းစာတွေ ကနေ နှစ်ပေါင်း များစွာ အစဉ်တစိုက် ဖေါ်ပြခဲ့တဲ့ အစိုးရ မူဝါဒ တချိူ့ကို ပြင်ဆင် ဖေါ်ပြခဲ့သလို အခုလည်း ပြည်ပ မီဒီယာတွေ အပေါ် ပုတ်ခတ် ရေးသားချက်တွေကို ဖြုတ်ပစ်ထားတာ တွေ့ရပါတယ်။

ဒါဟာ အစိုးရသစ်ရဲ့ အပြုသဘော ဆောင်တဲ့ လက္ခဏာ တခုပဲလို့ အမေရိကန် ပြည်ထောင်စု အခြေစိုက် Asia Society ရဲ့ မူဝါဒရေး ဆိုင်ရာ ဒ-ုဥက္ကဌ Suzanne DiMaggio က RFA ကို ပြောပါတယ်။

“ ဒီသတင်းကြားရတော့ ရုတ်တရက် အံ့သြမိပါတယ်။ ပြည်တွင်းမှာ ဖြစ်နေတဲ့ အခြေအနေတွေကို ထုတ်ဖေါ်နေတဲ့ ပြည်ပ သတင်းမီဒီယာ တွေနဲ့ပတ်သက်ပြီး တိုက်ခိုက်တဲ့ စာတမ်းတွေ အခုလို ဖြုတ်လိုက်တာဟာ တိုးတက်တဲ့ အပြောင်းအလဲ တခုပါပဲ “ လို့ ပြောပါတယ်။

ဒါပေမယ့်လည်း အမျုးိသား ရင်ကြားစေ့ရေးမှာ အဓိက အရေးကြီးဆုံး ဖြစ်တဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ ကိစ္စ၊ ပြုပြင် ပြောင်းလဲရေးကို တကယ် လိုလားပါတယ် ဆိုတဲ့ ခိုင်မာတဲ့ သာဓကတွေကို ဦးသိန်းစိန် အစိုးရအနေနဲ့ ဆောင်ရွက်ဖို့ လိုအပ်နေပါသေးတယ်လို့ Suzanne DiMaggio က ပြောပါတယ်။

အခုလို အစိုးရထုတ် သတင်းစာတွေ ကနေ ပြည်ပ မီဒီယာတွေ အပေါ် တိုက်ခိုက် ရေးသားချက်တွေကို ဖြုတ်ပစ်လိုက်တဲ့ အတွက် ပြည်တွင်း သတင်းမီဒီယာ သမားတွေလည်း ကြိုဆိုခဲ့ကြပြီး မြန်မာ့ မီဒီယာ လောက အဆင့်အတန်း မြင့်မားလာရေး အတွက် အထောက်အကူ ဖြစ်စေတယ်လို့ ပြောဆိုနေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။