ကုန်သွယ်ခွန် ယာယီ ကင်းလွတ်ခွင့် အကျိုးဘယ်လောက်ရှိမှာလဲ

ပြည်ပပို့ကုန် အမျိုးအစား ၇ မျိုးအတွက် ကုန်သွယ်ခွန်ကို ၆ လ ကင်းလွတ်ခွင့် ပေးမှာဖြစ်ကြောင်း ဒီကနေ့ ထုတ် သတင်းစာတွေမှာ ဖော်ပြခဲ့ ပေမယ့် ဒေါ်လာငွေ တန်ဖိုး ဆက်လက် ကျဆင်းနေတာ ကြောင့် သိသိသာသာ အကျိုးခံစားနိုင်မှာ မဟုတ်ဘူး လို့ ပို့ကုန် လုပ်ငန်းရှင်တွေက ပြောပါတယ်။

2011.08.16
border_trader_money_305_z.jpg ထိုင်း-မြန်မာနယ်စပ်ရှိ မြဝတီဈေးထဲတွင် မြန်မာကျပ်ငွေများကို ရေတွက်နေသည့် ကုန်သည်တဦ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

ဒါ့ပြင် အခွန်လျှော့ပေးရာမှာ CMP စနစ်နဲ့ လည်ပတ်နေတဲ့ အထည်ချုပ်လို လုပ်ငန်းတွေနဲ့ သစ်တောထွက် ပစ္စည်းတွေလို တခြား တန်ဖိုးမြင့် ထုတ်ကုန်တွေ မပါဝင် တာကြောင့် အဲဒီ လုပ်ငန်းတွေ အနေနဲ့ ဆက်လက်ပြီး အခက်အခဲတွေနဲ့ ရင်ဆိုင် နေရဦးမယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။

ပတ်ဝန်းကျင် အာဆီယံ နိုင်ငံတွေမှာ ပို့ကုန်တွေ တိုးတက်အောင် အခွန်ကို သုည ရာခိုင်နှုန်း အထိ လျှော့ပေးပြီး ပြင်ဆင် နေကြချိန်မှာ မြန်မာနိုင်ငံမှာတော့ ဒေါ်လာဈေးနှုန်း ကျဆင်းမှုနဲ့ မြန်မာ ကျပ်ငွေ တန်ဖိုး မြင့်တက်မှု ဒဏ်တွေကြောင့် ပို့ကုန် လုပ်ငန်းတွေ ရပ်ဆိုင်းလု ဖြစ်နေတဲ့ အတွက် လာမယ့်၂၀၁၅ ခုနှစ် အာဆီယံ လွတ်လပ်တဲ့ ကုန်သွယ်ရေး သဘောတူညီချက် အစီအစဉ်မှာ ပါဝင်လာတဲ့အခါ မြန်မာနိုင်ငံ အနေနဲ့ အရှုံးနဲ့ ရင်ဆိုင်ရဖို့ ရှိတယ်လို့ လေ့လာ သူတွေက ပြောပါတယ်။

ရန်ကုန်မြို့က စီးပွားရေးပညာရှင် ဦးခင်မောင်ညို ( ဘောဂဗေဒ) ကတော့ ပို့ကုန် မြင့်တက် လာအောင် ပို့ကုန်ရငွေ အပေါ် အခွန် စည်းကြပ်မှုကို ၁၀ ရာခိုင်နှုန်း ကနေ အခု ၈ ရာခိုင်နှုန်း အထိ အဆင့်ဆင့် လျှော့ပေး လာခဲ့ပြီ ဖြစ်တဲ့အတွက် ကျန်တဲ့ ၂ ရာခိုင်နှုန်း ကိုပါ ထပ်မံ လျှော့ပေးဖို့ အစိုးရ အနေနဲ့ ခက်ခဲ လိမ့်မယ် မထင်ကြောင်း၊ မြန်မာနိုင်ငံက ပို့ကုန် ၅ မျိုးဟာ အာဆီယံက သတ်မှတ်ထားတဲ့ ထိပ်တန်း ပို့ကုန်ပစ္စည်း ၅ မျိုးထဲမှာ စာရင်းဝင်နေတဲ့ အတွက်၂၀၁၅ မှာ ယှဉ်ပြိုင်ဖို့ အခက်အခဲ ရှိလိမ့်မယ် မထင်ကြောင်း ပြောပါတယ်။

ဦးခင်မောင်ညို (ဘောဂဗေဒ) ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် က ဆက်သွယ် မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။