သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-07-25
မူဆယ်မြို့နယ် ဆိုက်ခေါင်ရွာမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ဒေသခံ တစ်ဦးသေဆုံးခဲ့ပါတယ်။
2023-07-25
ပြည်သူ့ကာကွယ်ရေးတပ် PDF တွေနဲ့ မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ ပူးပေါင်းပြီး နေပြည်တော်ကို ခြိမ်းခြောက်ဖို့ ကြိုးစားနေပါတယ်။
2023-07-25
သရက်ချောင်းမြို့နယ် ရငဲရွာမှာ ဒေသခံလေးဦးကို အင်အား နှစ်ဆယ်ခန့်ရှိတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းက ဖမ်းဆီးခေါ်ဆောင်ပြီး ရိုက်နှက်ခဲ့ပါတယ်။
2023-07-25
စမ်းချောင်းမြို့နယ်၊ ရှမ်းကုန်းလမ်းမပေါ်ရှိ စိုပြေစားသောက်ဆိုင် အပေါ်ထပ်က အမျိုးသားသီးသန့်အဆောင်ကို စစ်ကောင်စီတပ်သားတွေ ဝင်ရောက်စစ်ဆေးပြီး လူငယ် ငါးဦးကို ဖမ်းဆီးသွားပါတယ်။
2023-07-25
မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် မင်းကင်းကုန်းရွာက စားသောက်ဆိုင်လေးမှာ ဈေးရောင်းဖို့ပြင်ဆင်နေတဲ့ အမျိုးသမီးကတော့ ဇာတ်မင်းသမီး စကားဝါဒေလီမြင့်ပါ။
2023-07-25
ဆားလင်းကြီးမြို့နယ်မှာ စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံ ငါးထောင်လောက် ထွက်ပြေးနေရတယ်လို့ ပြောပါတယ်။
2023-07-25
မူဆယ်မြို့နယ် နမ့်အွမ်ရွာ စေတီကုန်းအနီးမှာ တပ်စွဲထားတဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တပ်ကို စစ်ကောင်စီတပ်က တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ လာရောက်ပစ်ခတ်ခဲ့ပါတယ်။
2023-07-24
ကိုဖြိုးဟိန်းထွဋ်ဟာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို လုပ်ကြံဖို့ ကြံစည်ရာမှာ ပြစ်မှုကျူးလွန်ခဲ့တာ ထင်ရှားကြောင်း အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာရှိတဲ့ တောင်ပိုင်းခရိုင်တရားရုံးက အမိန့်ချလိုက်ပါတယ်။
2023-07-24
ငွေကျပ်နှစ်သောင်းတန် အသစ်ထပ်မံထုတ်တာဟာ ငွေကြေးဖောင်းပွမှု မဖြစ်နိုင်ကြောင်း စစ်ကောင်စီက ဇူလိုင် ၂၄ ရက်နေ့က ပြောလိုက်ပါတယ်။
2023-07-24
ရန်ကုန်အမေရိကန်သံရုံးအကြီးအကဲ အသစ် ခန့်အပ်ခြင်း အပါအဝင် လတ်တလောပြောင်းလဲမှုတွေဟာ အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာပြည်ဒီမိုကရေစီရရှိရေး အလေးထားမှုကို ဖော်ညွှန်းနေတယ်လို့ သူကပြောပါတယ်။
2023-07-24
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂ အဖွဲ့ဝင်တွေဖြစ်တဲ့ ကိုကောင်းခန့်နိုင်၊ ကိုအေးမင်းထိုက်၊ ကိုဖြိုးကောင်းထိုက်၊ ကိုဟိန်းထက်ဇော်နဲ့ ကိုသီဟနိုင်တို့ဟာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ဈ)၊ ပုဒ်မ ၅၄ တို့နဲ့ ထောင်ဒဏ်ဆယ်နှစ်စီ ထပ်ချခံခဲ့ရပါတယ်။
2023-07-24
တရားဝင် မှတ်ပုံမတင်ဘဲ အွန်လိုင်း ဈေးရောင်းသူတွေကို ထောင်သုံးနှစ်အထိ ချနိုင်တဲ့ ဥပဒေနဲ့ အရေးယူသွားမယ်လို့ ဇူလိုင် ၂၁ ရက်က အမိန့်ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။
2023-07-24
ယင်းမာပင်မြို့နယ်၊ စုန်းချောင်းရွာကို စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းပြီးနောက် ၁၄ ဦး သတ်ဖြတ်ခံခဲ့ရပါတယ်။
2023-07-24
ရှမ်းပြည်နယ်မြောက်ပိုင်း စယ်လန့်ရွာမှာ ပြည်သူ့စစ်တပ်ဖွဲ့နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ခဲ့ပါတယ်။
2023-07-24
ကျောက်တံခါးမြို့နယ် ငါးဖယ်အင်းရွာထဲကို စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ကလေးတစ်ဦး အပါအဝင် သုံးဦးဒဏ်ရာ အပြင်းအထန်ရခဲ့ဲ့ါတယ်။