သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-07-24
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် တောင်မြင့်ကျေးရွာကနေ ကြာကန်ကျေးရွာဘက်ကိုသွားတဲ့ ဒေသခံ လှေတစ်စီးဟာ တိမ်ညိုကျေးရွာအနီးမှာ ပစ်ခတ်ခံရတဲ့အတွက် အသက် ၂၂ နှစ်အရွယ် ကိုဘိုသန်းထွန်းရဲ့ ဦးခေါင်း ကျည်ထိမှန် သွားပြီး မြောက်ဦးဆေးရုံမှာ ဒီနေ့သေဆုံးသွားပါတယ်။
2019-07-23
မြန်မာ့တပ်မတော် ခေါင်းဆောင်လေးဦးနဲ့ သူတို့ရဲ့မိသားစုဝင်တွေကို အမေရိကန်အစိုးရက ပစ်မှတ်ထား ပိတ်ဆို့အရေးယူတာဟာ နိုင်ငံတစ်ခုရဲ့ ပြည်တွင်းရေးကို အနိုင်ကျင့် စွက်ဖက်တာဖြစ်တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ် ထွန်းထွန်းညီက ပြောလိုက်ပါတယ်။
2019-07-23
ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာရှိတဲ့ ချင်းတိုင်းရင်းသား စစ်ဘေးရှောင်တွေဟာ ရိက္ခာသယ်ယူရာမှာ အကန့်အသတ်တွေရှိတာကြောင့် စားသောက်ရေးအတွက် အခက်အခဲတွေဖြစ်နေကြပါတယ်။
2019-07-23
ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့တွေရဲ့ ရုံးချိန်းမှာ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့တာကြောင့် ပုဒ်မ နှစ်ခုနဲ့ တရားစွဲခံရတဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက မနီလာသိန်း အပါအဝင် ငါးယောက်ထဲက လေးယောက်ကို ဗိုလ်တထောင်မြို့နယ် တရားရုံးမှာ ဒီကနေ့ စတင်တရားစွဲဆိုလိုက်ပါတယ်။
2019-07-23
တရုတ်နိုင်ငံက အကောင်အထည်ဖော်မယ့် One Belt One Road (OBOR)နဲ့ ဆက်စပ်တဲ့ ရေနက်ဆိပ်ကမ်းစီမံကိန်းနဲ့ ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းတွေကို အပြုသဘောနဲ့ ကြိုဆိုတယ်လို့ ရက္ခိုင့်တပ်တော် AA က ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်ပြန်ခဲ့ပါတယ်။
2019-07-23
မြန်မာ့တပ်မတော် ခေါင်းဆောင် လေးဦးနဲ့ သူတို့ရဲ့မိသားစုဝင်တွေကို အမေရိကန်အစိုးရက ပိတ်ဆို့ အရေးယူတာဟာ ပြည်တွင်းရေးကို အနိုင်ကျင့် စွက်ဖက်တာဖြစ်တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောလိုက်ပါတယ်။
2019-07-23
မန္တလေး ပြည်ကြီးတံခွန်မြို့နယ် မလိခဝါဆိုကျောင်းတိုက်က ဆရာတော် ဦးစိန္တိတ ကို တရားစွဲဆိုဖို့ တပ်မတော်က လျှောက်ထားခဲ့တဲ့အမှုကို မြို့နယ်တရားရုံးက ဒီကနေ့ ပယ်ချလိုက်ပါတယ်။
2019-07-23
ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာရှိတဲ့ ချင်းတိုင်းရင်းသား စစ်ဘေးရှောင်တွေဟာ ရိက္ခာ သယ်ယူရာမှာ အကန့်အသတ်တွေရှိတာကြောင့် စားသောက်ရေးအတွက် အခက် အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်တွေကို သွားရောက်ကူညီသူတွေက ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
2019-07-23
မေလ ၂၀ ရက်နေ့က ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့တွေရဲ့ ရုံးချိန်းမှာ ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုနဲ့ ရဲတပ်ဖွဲ့က တရားစွဲဆိုထားတဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက မနီလာသိန်း အပါအဝင် လေးဦးကို ဗိုလ်တထောင်မြို့နယ် တရားရုံးမှာ ဒီကနေ့ စွဲချက်တင်လိုက်ပြီး တရားရုံးက တရားစွဲခံရသူတွေကို ငွေကျပ်သိန်း ၂၀ စီနဲ့ အာမခံပေးလိုက်ပါတယ်။
2019-07-23
ရခိုင်ပြည်နယ် မြေပုံမြို့နယ် ကျောက်မော်ပိုက်ဆိပ်က အိမ် ၈ လုံး ဒီနေ့မနက်က မီးရှို့ခံလိုက်ရပါတယ်။ အခုလို မီးရှို့တာဟာ တပ်မတော်ကလုပ်တာလို့ ဒေသခံအချို့ကပြောဆိုပေမယ့် တပ်မတော်ပြောခွင့်ရသူကတော့ တပ်မတော်က ဒီလိုမျိုးလုပ်ရပ်ကို ဘယ်တော့မှလုပ်မှာ မဟုတ်ဘူးလို့ ငြင်းဆိုပါတယ်။
2019-07-23
ဆရာတော် ဦးစိန္တိတကို တရားစွဲဆိုခွင့်ပြုဖို့ တပ်မတော်သား ဒုဗိုလ်မှူးကြီးတစ်ဦးက ပြည်ကြီးတံခွန်မြို့နယ် တရားရုံးကို ဦးတိုက်လျောက်ထားခဲ့ရာမှာ တရားရုံးက ဒီကနေ့ပလပ်လိုက်ပါတယ်။
2019-07-23
မြန်မာနိုင်ငံထဲက တချို့မြို့နယ်တွေမှာ ရေကြီးနစ်မြုပ်လို့ ရေဘေးဒုက္ခတွေ ရင်ဆိုင်နေရပေမဲ့ တချို့မြို့နယ်တွေမှာတော့ မိုးခေါင်တာ၊ မိုးရွာနည်းတာတွေကြောင့် အထွက်နှုန်းလျော့မှာကို စိုက်ပျိုးရေးလုပ်ကိုင်သူတွေ စိုးရိမ်နေကြရပါတယ်။
2019-07-23
ရိုဟင်ဂျာဒုက္ခသည်အရေး စုံစမ်းစစ်ဆေးနေတဲ့ ICC နိုင်ငံတကာရာဇဝတ်ခုံရုံး ဒုတိယ ဥပဒေ အရာရှိချုပ် James Stewart ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အခုလ ၁၆ ရက်နေ့ကနေ မနေ့ကအထိ ခြောက်ရက်ကြာ သွားရောက်ခဲ့ပါတယ်။
2019-07-23
မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဒီမိုကရေစီ အစိုးရ တက်လာခဲ့ပေမယ့် နိုင်ငံမှာ ကာလကြာရှည် အမြစ်တွယ်နေခဲ့တဲ့ အကျင့်ပျက်ခြစားမှုပြဿနာက ခေါင်းထောင်နေဆဲပဲ ဖြစ်ပါတယ်။
2019-07-22
မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံက ရောက်ရှိလာတဲ့ ရိုဟင်ဂျာမွတ်စလင်တွေထံကနေ ငွေကောက်ခံသူ ၄ဦးကို အကြမ်းဖက်တိုက်ဖျက်ရေး ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ South China Morning Post သတင်းစာက ရေးသားပါတယ်။