ရဲတပ်ဖွဲ့က တရားစွဲထားတဲ့ မနီလာသိန်းကို တရားရုံး အာမခံပေး
2019.07.23
ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့တွေရဲ့ ရုံးချိန်းမှာ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့တာကြောင့် ပုဒ်မ နှစ်ခုနဲ့ တရားစွဲခံရတဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက မနီလာသိန်း အပါအဝင် ငါးယောက်ထဲက လေးယောက်ကို ဗိုလ်တထောင်မြို့နယ် တရားရုံးမှာ ဒီကနေ့ စတင်တရားစွဲဆိုလိုက်ပါတယ်။
RFA သတင်းထောက် ကိုသန့်ဇင်ဦး က တင်ပြထားပါတယ်။