သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-06-26
မြန်မာနိုင်ငံမှာ နှစ်စဉ်ဇွန်လ ၂၆ ရက်နေ့တိုင်းမှာ တစ်နှစ်အတွင်း ဖမ်းဆီးရမိပြီး အမှုပြီးပြတ်သွားတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးတဲ့အခမ်းအနားတွေ ကျင်းပနေပေမယ့် မူးယစ်အမှုတွေနဲ့ နောက်ဆက်တွဲဆိုးကျိုး ပြဿနာတွေက ရှိနေဆဲဖြစ်ပါတယ်။
2018-06-26
မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းဝယ်မှုတွေကို သတင်းပေးတိုင်ကြားနိုင်မယ့် မူးယစ်ဆေးဝါး အထူးသတင်းပေး တိုင်ကြားရေးဌာနကို နိုင်ငံတော်သမ္မတရုံးမှာ ဖွဲ့စည်းထားတယ်လို့ ၂ဝ၁၈ ဇွန်လ ၂၆ ရက်နေ့ကကျင်းပတဲ့ “အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနဲ့ တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့” အခမ်းအနားမှာ နိုင်ငံတော်သမ္မတဦးဝင်းမြင့်က ပြောလိုက်ပါတယ်။
2018-06-26
မြန်မာနိုင်ငံမှာ နှိပ်စက်ညှဉ်းပန်းမှုတွေ လျော့နည်းပပျောက်အောင် ပြည်တွင်းက ဖိနှိပ်တဲ့ဥပဒေ တချို့ကို ပြင်ဆင်ဖို့နဲ့၊ နှိပ်စက်ညှဉ်းပန်းမှုဆန့်ကျင်ရေး ကုလသမဂ္ဂပဋိဉာဉ်စာချုပ်ကို လက်မှတ်ထိုးဖို့ လူ့အခွင့်အရေးအဖွဲ့တွေက အစိုးရကို ဒီနေ့ တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
2018-06-26
အိန္ဒိယ၊ လစ်ဗျားနဲ့ မြန်မာနိုင်ငံတွေဟာ လူမှောင်ခိုကူးသူတွေက အမျိုးသမီးတွေကို ဖျားယောင်းသွေးဆောင် ခေါ်ယူအသုံးချနိုင်တဲ့ ကမ္ဘာ့အန္တရာယ်အများဆုံး သုံးနိုင်ငံဖြစ်တယ်လို့ အမျိုးသမီးရေးရာ ကျွမ်းကျင်သူတွေရဲ့ ဒီနေ့ထုတ်ပြန်တဲ့ စစ်တမ်းတခုမှာ ဖော်ပြထားပါတယ်။
2018-06-26
တက္ကသိုလ် ကောလိပ်တွေမှာ ကျင်းပမယ့် ဆွေးနွေးပွဲတွေ၊ ဟောပြောပွဲတွေကို ခွင့်ပြုတာ မပြုတာဟာ သက်ဆိုင်ရာကျောင်းအုပ်ချုပ်ရေးအဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့သာ သက်ဆိုင်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
2018-06-26
ကချင်ပြည်နယ် ဖားကန့်နယ်မြေမှာ တရားမဝင် ရောက်ရှိနေတဲ့ တရုတ်နိုင်ငံသား တစ်ဦးကို ဖမ်းဆီးရမိထားတာနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေး ကော်မတီဖွဲ့ကာ ဒီကနေ့ စစ်ဆေးနေပါတယ်။
2018-06-26
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကိုင်းကြီးကျေးရွာမှာ လုံခြုံရေးတပ်ဖွဲ့ရဲ့ သေနတ်ပစ်ခတ်မှုခံရပြီး အသက် ၇၀ ဝန်းကျင် အရွယ်အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရွာခံတွေက ပြောပါတယ်။
2018-06-26
အစိုးရတပ်မတော်ကို မတင်ပြဘဲ ကေအိုင်အေ ထိန်းချုပ်နယ်မြေအတွင်းမှာရှိတဲ့ စစ်ဘေးဒုက္ခသည် စခန်းတွေကို အကူအညီတွေပေးဖို့ သွားမယ်ဆိုရင် မတရားအသင်း ဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁) နဲ့ အရေးယူနိုင်တယ်ဆိုတဲ့ တားမြစ်ချက်ကြောင့် အကူအညီပေးမယ့်အဖွဲ့အစည်းတွေ အခက်အခဲ ကြုံတွေ့နေပါတယ်။
2018-06-26
ရတနာနယ်မြေ ၅ ခုမှာ တနိုင်တပိုင် ကျောက်လုပ်ကွက်တွေ တရားဝင်လုပ်ကိုင်ခွင့်ပြုဖို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက စီစဉ်နေပါတယ်။
2018-06-26
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC ဥက္ကဋ္ဌ Peter Maurer ဟာ စစ်တွေလေဆိပ် ကို ရောက်ရှိခဲ့ပြီး အကြမ်းဖက်မှုတွေဖြစ်ပွားခဲ့တဲ့ ဘူးသီးတောင်၊ မောင်တောဒေသကို ဒီနေ့သွားရောက်လေ့လာပါတယ်။
2018-06-26
မိုးထိမိုးမိတောင်မှာ ရွှေတူးဖော်ခွင့် ပိတ်သိမ်းခံလိုက်ရတဲ့ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီရဲ့ ရှယ်ယာအစုရှင် နယ်မြေခံကုမ္ပဏီတွေက နစ်နာမှုတွေရှိနေကြောင်း ဒီနေ့ မန္တလေးမြို့မှာ ကုမ္ပဏီပေါင်း ၂၂ ခု က ဆန္ဒထုတ်ဖော်ကြပါတယ်။
2018-06-26
နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေ ပုဒ်မ (၇) အမှုနဲ့ တရားရင်ဆိုင်နေရတဲ့ ကလေး စစ်သားဟောင်း ကိုအောင်ကိုထွေးကို လာမယ့် ဇွန်လ ၂၉ရက်နေ့ကစပြီး ဗိုလ်တထောင်မြို့နယ် တရားရုံးမှာ ရုံးပြောင်းစစ်ဆေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။
2018-06-26
မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းဝယ်မှုတွေကို သတင်းပေးတိုင်ကြားနိုင်ဖို့အတွက် နိုင်ငံတော် သမ္မတရုံးမှာ မူးယစ်ဆေးဝါး အထူးသတင်းပေးတိုင်ကြားရေးဌာန ဖွဲ့စည်းထားတယ်လို့ နိုင်ငံတော် သမ္မတက ဒီနေ့ပြောပါတယ်။
2018-06-26
ကချင်ပြည်နယ် မိုးညှင်းမြို့နယ်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲနေကြသူတွေကို အစိုးရအာဏာပိုင်တွေက နှိမ်နှင်းအရေးယူမှု အားနည်းနေကြောင်း ဒေသခံတွေက ဝေဖန်နေကြပါတယ်။
2018-06-26
လိုင်စင်မဲ့ကားတွေကို ဖမ်းဆီးအရေးယူမယ်ဆိုတဲ့ တိုင်းအစိုးရအဖွဲ့တွေရဲ့ ညွှန်ကြားချက်တွေကြောင့် တိုင်းဒေသကြီးတော်တော်များများက လူမှုအဖွဲ့တချို့ ပရဟိတလုပ်ငန်းတွေ ရပ်နားထားရပါတယ်။