သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-05-25
နေပြည်တော်မှာ ဒီကနေ့ စတင်ကျင်းပတဲ့ ဒုတိယအကြိမ်မြောက်၂၁ ရာစုပင်လုံညီလာခံကို တက်ရောက်နေတဲ့ PNLO ပအိုဝ်းလွတ်မြောက်ရေး အဖွဲ့ချုပ် နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် က ဆက်သွယ်မေးမြန်းထားပါတယ်။
2017-05-25
၂၁ ရာစုပင်လုံညီလာခံကို ကြိုဆိုတဲ့အနေနဲ့ အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံသားနဲ့ နိုင်ငံခြားသားအကျဉ်းသား ၂၅၉ ဦးကို နိုင်ငံတော်သမ္မတအမိန့်နဲ့ ဒီနေ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပါတယ်။
2017-05-25
အမုန်းတရားတွေဟောကြားတဲ့ အရှင် ဝီရသူ နာမည်ကတင်ပဲ ကြောက်ရလွန်းလို့ ရုပ်ရှင်ကား နာမည်ကို ဦးဝီရသူဘွဲ့ကို အင်္ဂလိပ်လိုရေးတဲ့ အတိုကောက် W လို့ ပေးရပါတယ်လို့ ဦးဝီရသူအကြောင်း မှတ်တမ်း ရုပ်ရှင်ရိုက်ကူးတဲ့ ဆွစ်လူမျိုး ရုပ်ရှင်ဒါရိုက်တာ Barbet Schroeder က အေအက်ဖ်ပီ သတင်းဌာန ကို ပြောကြားလိုက်ပါတယ်။
2017-05-24
မြန်မာနိုင်ငံမှာ အသက် ၅ နှစ်အောက် ကလေး တစ်နေ့ကို အယောက် ၁၅၀ လောက် သေဆုံးနေရပြီး၊ အဲဒီထဲက ၃၀ ရာ ခိုင်နှုန်းလောက်ဟာ အာဟာရချို့တဲ့မှုကြောင့် သေ ဆုံး ရတာဖြစ်တယ်လို့ ယူနီဆက် ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့က ပြောပါတယ်။
2017-05-24
၂၁ပင်လုံ ညီလာခံ တက်ရောက်နေ တဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၇ ဖွဲ့ ကိုယ် စားလှယ်တွေက သူတို့ အနေနဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်းဆန်စုကြည်နဲ့ တွေ့ဆုံခွင့် ရဖို့ တောင်း ဆိုသွားမှာ ဖြစ်ကြောင်း ပြောပါတယ်။
2017-05-24
မနေ့က မြန်မာနိုင်ငံ သံဃမဟာနာယက ကထုတ်ပြန်တဲ့ ကြေညာချက်ဟာ မဘသ အဖွဲ့ကို ဖျက်သိမ်းခိုင်းတာ မဟုတ်ဘူးလို့ သုံးသပ်ကြောင်း အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး ဗဟိုဦးဆောင် ဆရာတော် ဦးသောပါက ကမိန့်ကြားပါတယ်။
2017-05-24
ကချင်ပြည်နယ်မှာ မြေယာဥပဒေနဲ့ မညီဘဲ စိုက်ပျိုးလုပ်ကိုင်နေကြတဲ့ တရုတ်တစ်ရှူး ငှက်ပျော စိုက် ပျိုးရေးကုမ္ပဏီတွေကို ဥပဒေ လမ်းကြောင်းအတိုင်းဖြစ်အောင် တဖြည်းဖြည်း တည့် မတ် ဆောင်ရွက် သွားမယ်လို့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက် တာ ခက်အောင်က ပြောပါတယ်။
2017-05-24
အစွန်းရောက်ဘာသာရေးအဖွဲ့တွေကို လှုပ်ရှားနိုင်အောင် ထောက်ပံ့တဲ့ငွေဟာ ကျပ်သန်းငါးထောင် ခန့်ရှိတယ်ဆိုပြီး သတင်းရထားတယ်လို့ သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုက ဒီကနေ့ နေပြည်တော် အပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်း စင်တာ ၂ မှာ ကျင်းပတဲ့ ၂၁ ပင်လုံ အစည်းအဝေး မစတင်မီမှာ သတင်းထောက်တွေ ကို ပြောပါတယ်။
2017-05-24
နေပြည်တော်မှာ ဒီနေ့စတင် ကျင်းပနေ တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ( ၂၁) ရာစုပင်လုံ ကိုကြိုဆိုတဲ့အနေနဲ့ နိုင် ငံတော် သမ္မတက နိုင်ငံသားအကျဉ်းသား ၁၈၆ ဦးနဲ့ နိုင်ငံခြားသား အကျဉ်းသား ၇၃ ဦး စုစုပေါင်း အကျဉ်းသား ၂၅၉ ဦးကို ဒီနေ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပါတယ်။
2017-05-24
တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး NCA လမ်းကြောင်းကို လျစ်လျူရှုပြီး တခြား လမ်းကြောင်း၊ နောက်ထပ်လမ်းကြောင်း၊ ဒုတိယလမ်းစဉ် ဆိုတဲ့ အခေါ်အဝေါ်တွေ သုံးစွဲ လုပ်ဆောင်နေခြင်း ဟာ ပြည်ထောင်စုစနစ် တည်ဆောက်ရေးကို မလိုလားခြင်း သာ ဖြစ်သ လို ပြည်ထောင်စုမှ ခွဲထွက်ရေးလမ်းစဉ်ကို ဦးတည်နေတယ်လို့ ယူဆရမှာဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောပါတယ်။
2017-05-24
နိုင်ငံရဲ့အနာဂါတ်အတွက် လျှောက်လှမ်း ရာမှာ “ပေါ်ပင်အများကြိုက်မယ့် နည်း လမ်းတွေရှာပြီး ဖိအားပေးတာမျိုး၊ နိုင်ငံရေး အရအကြပ်ကိုင်တာမျိုး” လုပ်မှာ မဟုတ်သလို အားလုံးနဲ့ ပွင့်ပွင့်လင်း လင်း ဆွေးနွေးပြီး အများလက်ခံနိုင်တဲ့ သဘော တူညီချက်တွေရရှိအောင် ကြိုးပမ်းသွားမှာဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
2017-05-23
မြန်မာနိုင်ငံအလယ်ပိုင်းက မကွေးတိုင်းနဲ့ရခိုင်ပြည်နယ် ထိစပ်နေတဲ့ဒေသ မှာ အရှို ချင်းတိုင်းရင်းသား အများအပြား နေထိုင်ကြပါတယ်။
2017-05-23
မေလ ၁၇ ရက်နေ့က နန်စီပွန် ကျောက်မျက်ရတနာ လုပ်ကွက်မှာ ရေမဆေးကျောက်ရှာသူ ၃ ဦး သေနတ်ထိမှန် သေဆုံးခဲ့ရတဲ့ ပဋိပက္ခကြောင့် ကျောက်မျက် ဆက်လက်ရှာဖွေခွင့် မရတော့မှာကို ထောင်နဲ့ ချီတဲ့ ရေမဆေးကျောက်ရှာသူတွေ စိုးရိမ်နေကြပါတယ်။
2017-05-23
ရန်ကုန်မြို့တွင်း ၆ မြို့နယ် ရေကြီးရေလျှံမှုအန္တရာယ်ကို စီမံခန့်ခွဲခြင်းအပါအဝင် လုပ်ငန်းစဉ် ၄ ရပ် အတွက် ကမ္ဘာ့ဘဏ်ကနေ အမေရိကန်ဒေါ်လာ ၁၂၅ သန်း ချေးယူမယ့်အစီအစဉ်ကို မေလ (၂၃) ရက်နေ့ ဒီကနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ ကိုယ်စားလှယ် ၁၄ ဦးက ဆွေးနွေးခဲ့ပါတယ်။
2017-05-23
အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး အဖွဲ့ မဘသအမည်ကို မသုံးစွဲဖို့နဲ့ တစ်နိုင်ငံလုံးမှာ ရှိတဲ့ မဘသ အမည် ပါတဲ့ ဆိုင်းဘုတ် တွေကို ဇူလိုင်လ ၁၅ ရက်နေ့မှာ အပြီးဖြုတ်သိမ်း နိုင်ငံတော် သံဃမဟာနာယက အဖွဲ့က ဒီကနေ့ ကျင်းပတဲ့ အထူးအစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ပါတယ်။