ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ ဖို့ မြောက်ပိုင်းအဖွဲ့တွေ တောင်း ဆိုမည်
2017.05.24

၂၁ပင်လုံ ညီလာခံ တက်ရောက်နေတဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၇ ဖွဲ့ ကိုယ်စားလှယ်တွေက သူတို့ အနေနဲ့ နိုင် ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်းဆန်စုကြည်နဲ့ တွေ့ဆုံခွင့် ရဖို့ တောင်းဆိုသွားမှာ ဖြစ်ကြောင်း ပြောပါ တယ်။
ရခိုင့်တပ်မတော် AA ဒုတိယ စစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က ဒီကနေ့ သူတို့ တည်းခိုနေတဲ့ နေပြည်တော် Horizon Lake View Hotel မှာ ပြောလိုက်တာပါ။
"ကျနော်တို့ကတော့ သူ့ကိုတွေ့ဖို့ တောင်းဆိုမယ်၊ သူ့အနေနဲ့ တွေ့မယ်ဆိုလို့ရှိရင်လည်း ကျနော်တို့အဖွဲ့က တွေ့ဖို့အဆင်သင့်ပဲ"
ဒါ့အပြင် မြောက်ပိုင်းမဟာမိတ်အဖွဲ့အနေနဲ့ ငြိမ်းချမ်းရေးညီလာခံ ကျန်တဲ့ ရက်တွေ ကို ဆက်တက်မယ် မတက်ဘူး ဆို တာကို နောက်နေ့အစီအစဉ်တွေကို မသိရသေးတဲ့အတွက် မဆုံးဖြတ်ရသေး ကြောင်းလည်း ပြောပါတယ်။
မြောက်ပိုင်းမဟာမိတ်အဖွဲ့အနေနဲ့ တရုတ်နိုင်ငံအစိုးရရဲ့တိုက်တွန်းမှုကြောင့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ဒုတိယအကြိမ် ၂၁ ရာစုပင်လုံအစည်းအဝေးကို အထူးကိုယ်စား လှယ်အနေနဲ့ တက်ရောက်တာဖြစ်ကြောင်း လည်း ပြောပါတယ်။
ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ဒုတိယအကြိမ် ၂၁ ရာစုပင်လုံကို လက်မှတ်ရေး ထိုးတားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့အပြင် NCA လက်မှတ် မထိုးထားတဲ့ UWSA ဝပြည်သွေး စည်းညီညွတ်ရေး တပ် မတော်၊ KIA ကချင် လွတ်မြောက်ရေးတပ်မတော် ၊ SSPP ရှမ်းပြည်တိုးတက် ရေးပါတီ ၊ TNLA အအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်၊ NDAA မိုင်းလားအဖွဲ့ ၊ MNDAA ကိုးကန့်အဖွဲ့၊ AA ရခိုင့်တပ်မတော် စတဲ့မြောက်ပိုင်း မဟာမိတ်အဖွဲ့ ၇ ဖွဲ့လည်း တက်ရောက်နေပါတယ်။