လွတ်မြောက်လာတဲ့ သာသနာရေး ဝန်ကြီးဟောင်း ဦးဆန်းဆင့်နဲ့ မေးမြန်းချက်
2017.05.25
၂၁ ရာစုပင်လုံညီလာခံကို ကြိုဆိုတဲ့အနေနဲ့ အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံသားနဲ့ နိုင်ငံခြားသားအကျဉ်းသား ၂၅၉ ဦးကို နိုင်ငံတော်သမ္မတအမိန့်နဲ့ ဒီနေ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပါတယ်။
လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာသူတွေထဲမှာ တောင်ငူ အကျဉ်းထောင်က နေ ပြန်လည် လွတ်မြောက်လာတဲ့ အရင်အစိုးရအဖွဲ့ရဲ့ သာသနာရေး ဝန်ကြီးဟောင်း ဦးဆန်းဆင့်လည်း ပါဝင်ပါတယ်။
ပြည်သူပိုင်ပစ္စည်းအလွဲသုံးစားမှုနဲ့ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မနှစ်ခုနဲ့ ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာ ထောင်ဒဏ် ၁၃ နှစ်ချမှတ်ခံခဲ့ရတဲ့ သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်ဟာ အကျဉ်းထောင်အတွင်းမှာ ထောင်အာဏာပိုင်တွေက စောင့်ကြည့်တာကို ခံခဲ့ရတယ်လို့ ပြောပါတယ်။
ဒီနေ့လွတ်ငြိမ်းချမ်းသာခွင့်မှာပါဝင်လာခဲ့တဲ့ သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့် ကို RFA သတင်းထောက် မဝေမာထွန်း ကဆက်သွယ်မေးမြန်းထားပါတယ်။