သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-04-24
NUG စိုးမိုးထားနိုင်ပြီလို့ ယူဆတဲ့ဒေသတွေကို အသေးစိတ် ထုတ်ဖော်ပြောဆိုတာ မရှိပေမယ့် စစ်ကိုင်းတိုင်း ၃၇ မြို့နယ်ထဲက ၂၉ မြို့နယ်နဲ့ မကွေးတိုင်း ၂၆ မြို့နယ်ထဲက ၇ မြို့နယ် စုစုပေါင်း ၃၆ မြို့နယ်မှာ ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့တွေ ဖွဲ့စည်းထားပြီလို့ NUG ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
2022-04-24
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဦးသက်ပိုင်စိုးရဲ့ ဇနီးနဲ့ ၁ဝ လအရွယ် သမီးငယ်အပြင် သူတို့ယာယီနေတဲ့အိမ်က ဆွေမျိုးတော်စပ်သူအမျိုးသားတစ်ဦး၊ အသက် ၁၃ နှစ် အရွယ် မိန်းကလေးတစ်ဦး၊ အိမ်နီးချင်းအမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦး စုစုပေါင်း ခြောက်ဦးကို သေနတ်တွေနဲ့ချိန်ပြီး ဖမ်းသွားတယ်လို့ တိမ်းရှောင်နေရတဲ့ ဦးသက်ပိုင်စိုးက RFA ကို ပြောပါတယ်။
2022-04-24
မီးလောင်ဆုံးရှုံးသွားတဲ့ အိမ်အရေအတွက်စာရင်းကတော့ မသိရသေးဘဲ စိန်လည်၊ သပြေသာနဲ့ ရှမ်းစုရွာတွေကတော့ ရွာလုံးကျွတ် မီးလောင်ခဲ့တယ်လို့ ဆိုပါတယ်။
2022-04-24
စစ်တပ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ နိုင်ငံရေးအခြေအနေကိုဖြေရှင်းဖို့ အာဆီယံက သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံညှိနှိုင်းရေး၊ အကြမ်းဖက်မှုတွေရပ်တန့်ရေးအပါအဝင် သဘောတူညီချက်ငါးရပ်ကို ပြီးခဲ့တဲ့နှစ် ဧပြီလ ၂၄ ရက်နေ့က ချမှတ်ခဲ့တာ အခုဆိုရင်တစ်နှစ်ပြည့်ပါပြီ။ဒါပေမဲ့အကြမ်းဖက်မှုတွေရပ်တန့်ရေးအပါအဝင် အာဆီယံဘုံသဘောတူညီချက်တွေကို စစ်ကောင်စီက အကောင်အထည်မဖော်နိုင်ခဲ့ပါဘူး။
2022-04-24
ကယား (ကရင်နီ) ပြည်နယ်ထဲမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်တွေနဲ့ ကရင်နီ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ တစ်နှစ်ကျော်ကြာ တိုက်ပွဲတွေကြောင့် လူဦးရေ သုံးသိန်းကျော်ရှိတဲ့အထဲမှာ စစ်ဘေးဒုက္ခသည်က နှစ်သိန်းနီးပါး ရှိနေပါတယ်။
2022-04-24
ကရင်ပြည်နယ် မြဝတီမြို့ မြန်မာ - ထိုင်း နယ်စပ်ဆက်သွယ်ထားတဲ့ အမှတ် ၁ တံတား ဂိတ်စခန်းမှာ ဧပြီလ ၂၃ ရက် မနေ့ညက ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2022-04-24
အာဏာရှင်အောက်က လွတ်မြောက်မှု တော်လှန်ရေးကို အားဖြည့်ဖို့အတွက် အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိစ်မြို့က ပြဇာတ်ရုံတစ်ရုံမှာ တေးပြဇာတ်တစ်ခု ပြုလုပ်ခဲ့ပါတယ်။
2022-04-24
သီရိလင်္ကာနိုင်ငံမှာ လွတ်လပ်ရေးရပြီးနောက်ပိုင်း အဆိုးဝါးဆုံး ဘဏ္ဍာရေး အကျပ်အတည်းနဲ့ ရင်ဆိုင်နေရပါတယ်
2022-04-23
Covid-19 ကပ်ရောဂါဖြစ်နေတဲ့ကြား စစ်အာဏာ သိမ်းလိုက်တဲ့နောက်ပိုင်း ပဋိပက္ခကြောင့် စားနပ်ရိက္ခာရှားပါးမှု ကပ်ပါလာပါတယ်။
2022-04-23
ဆိပ်ဖြူမြို့နယ် ရွှေဘိုကျွန်းမြို့က ကပစ ၂၄ လက်နက်စက်ရုံရဲ့ စစ်သားတွေက စစ်ကြောင်းထိုးလာတာလို့ ပြောကြသလို လမ်းတစ်လျှောက်က ကွမ်းခြံသုံးခြံလည်း မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-04-23
ယောဒေသလို့ လူသိများတဲ့ မကွေးတိုင်း၊ ဂန့်ဂေါခရိုင်ထဲက ရွာပေါင်း ၂၂ ရွာမှာ စစ်ဘေးဒုက္ခသည် တစ်သောင်းကျော်ရှိနေပါတယ်။
2022-04-23
ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်နဲ့ ပြည်နယ်ဝန်ကြီး ခြောက်ဦးတို့ဟာ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ စစ်ကောင်စီကနေ ထောင်ဒဏ်တွေ အသီးသီး အမိန့်ချတာခံလိုက်ရတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
2022-04-23
စစ်အာဏာသိမ်းတာကို မကြိုက်တဲ့အတွက် လမ်းပေါ်ထွက် ဆန္ဒပြမှုတွေကနေ လက်နက်ကိုင်လမ်းစဉ်ကို လျှောက်ခဲ့ရတဲ့ ပြည်သူတွေ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဟာ သူတို့နယ်မြေတွေမှာ စစ်အုပ်ချုပ်ရေး မရှိအောင် တွန်းလှန်ပြီးလွတ်မြောက်နယ်မြေတွေဖြစ်အောင် ကြိုးစားလာနေကြပါတယ်။
2022-04-22
အခုလဆန်းပိုင်းက ဖမ်းဆီးပြီး ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခံခဲ့ရတဲ့ ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ် စံချိန်မီရပ်ကွက်က PDF အဖွဲ့ငယ်တစ်ခုရဲ့ခေါင်းဆောင်ဖြစ်သူ ကိုချမ်းမင်းနောင် ရဲ့ ကာလတန်ဖိုး သိန်း ၅ဝဝ ကျော်တဲ့အိမ်ကိုလည်း ဧပြီလ ၂၁ ရက်နေ့က စစ်တပ်နဲ့ အုပ်ချုပ်ရေးမှူးက လာရောက်ပြီး ချိပ်ပိတ်သွားပါတယ်။
2022-04-22
Click to donate မှာ ဝင်ကလစ်တဲ့သူ သုံးသောင်းကျော်ရှိပြီး ပျမ်းမျှ တစ်လကို မြန်မာငွေ သိန်း ၇ဝဝဝ လောက်ရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလလောက်ကဆိုရင် လူပေါင်း ၅ သောင်းလောက် ဝင် Click ကြလို့ ငွေသိန်းတစ်သောင်းနီးပါးရခဲ့တယ်လို့ ဆိုပါတယ်။